RFA Burmese
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ ရိုဟင်ဂျာတွေကို ငရုတ်ရည်လက်ပစ်ဗုံး၊ ကျင်စက်ဗုံးတွေ သုံးပြီး မောင်းနှင်ထုတ်ဖို့ သူရဲ့တပ်ဖွဲ့တွေကို အမိန့်ထုတ်ပြန်ပေးထားတယ်လို့ အိန္ဒိယ နယ်ခြားစောင့်တပ် အရာရှိကြီးတဦးက ပြောကြောင်း ရိုက်တာသတင်းဌာနက ဖေါ်ပြထားပါတယ်။
အမည်မဖေါ်ချင်တဲ့ အဲဒီ အရာရှိကြီးက ရာနဲ့ ထောင်နဲ့ ချီပြီး ခိုးဝင်လာမယ့်သူတွေကို ထိခိုက် အနာတရလဲ မဖြစ်စေချင်ဘူး၊ ဖမ်းလဲ မဖမ်းချင်ဘူး၊ လက်လဲ မခံနိုင်ဘူး ဒါကြောင့် ငရုတ်ရည် ငရုတ်သီးမှုန့်ထည့်သွင်းထားတဲ့ လက်ပစ်ဗုံးတွေ သုံးပြီး မောင်းထုတ်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေကို နယ်ခြားစောင့်တပ် အရာရှိကြီးတဦးက လိုက်လံ စစ်ဆေးကြည့်ရှုခဲ့ပြီး ခုလို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံထဲ ရောက်ရှိနေပြီးဖြစ်တဲ့ ရိုဟင်ဂျာ ၄ သောင်းနီးပါးကို ပြန်လည်နှင်ထုတ်ဖို့လဲ အိန္ဒိယ နိုင်ငံဝန်ကြီးချုပ်မိုဒီက ပြီးခဲ့တဲ့လပိုင်းတွေက စပြီး စီစဉ်နေတယ်လို့သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese

ရိုဟင်ဂျာတွေကို ငရုတ်ရည်လက်ပစ်ဗုံးနဲ့ ဟန့်တားဖို့ အိန္ဒိယ နယ်ခြားစောင့်တပ်စီစဉ်
Reviewed by THITHTOOLWIN
on
10:59
Rating: