အစိုးရသက်တမ်းနှစ်ဆက်လောက် တိုင်းပြည်ကို ဆက်အုပ်ချုပ်မယ်လို့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်း ပြောဆို


အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်းက သူ့အနေနဲ့ အစိုးရသက်တမ်း နှစ်ဆက်လောက် တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်သွားဦးမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကမ္ဘောဒီယားအတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီးလိုက်ပြီးတဲ့နောက်၊ အထည်ချုပ်အလုပ်သမားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

သူ့အနေနဲ့ ဝန်ကြီးချုပ်ရာထူးကို စွန့်လွတ်ရမှာ တွန့်ဆုတ်နေပြီး၊ နောက်ထပ် ၁၀ နှစ်လောက် တာဝန်ထမ်းဆောင်ခွင့်ရမယ်ဆိုရင် ကမ္ဘာမှာ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ တဆက်တည်း နိုင်ငံခြားသားတွေ မနာလို မဖြစ်ကြနဲ့ လို့ပါ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

လာမယ့်နှစ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်းကို အဓိကစိန်ခေါ်နေသူကတော့ အတိုက်အခံ အမျိုးသား လွတ်မြောက်ရေးပါတီဖြစ်ပြီး အဲဒီပါတီခေါင်းဆောင် Kem Sokha ကို နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ