မြန်မာမှ ထွက်ပြေးလာသူများအား တယ်လီဖုန်းဆင်းကဒ်ရောင်းချမှု ဘင်္ဂလာအာဏာပိုင်များမှ တားမြစ်


နိရဉ္စရာ၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂလီဒုက္ခသည်များအား တယ်လီဖုန်း ဆင်းကဒ် (Sim Card) များ မရောင်းချရန် ဘင်္ဂလာဒေ့ရှ်အာပိုင်များမှ အမိန့်ထုတ်ပြန် တားမြစ် ပိတ်ပင်လိုက်သည်။

တယ်လီဖုန်း ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိလာသူများအား တယ်လီဖုန်း ဆင်းကဒ်များ မရောင်းချရန်၊ ရောင်းချပါက ရောင်းချသူများကို တည်ဆဲ ဥပဒေများဖြင့် အရေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ၀န်ကြီး Tarana Halim က ယနေ့တွင် ပြောကြားလိုက်ကြောင်း The Daily Star တွင် Action if mobile phone operators sell SIM cards to Rohingya refugees, says Tarana Halim ဖြင့် သတင်းဖော်ပြသည်။

နယ်လှည့် တရားရုံးတစ်ခုကို မကြာမီ ဖွဲ့စည်းပြီး ဒုက္ခသည်စခန်းများတွင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးဖြစ်သူ Tarana Halim က ယနေ့ ပြုလုပ်သည့် ဒက္ကားမြို့ ကြေးနန်းဆက်သွယ်ရေးရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသွားသည်။

ဒုက္ခသည်များအနေဖြင့် ဤနိုင်ငံမှ ဆင်းကဒ်များကို ရရှိရန် မဖြစ်နိုင်ကြောင်း၊ သို့သော်သူမက တယ်လီဖုန်း ကုမ္ပဏီများ အနေဖြင့် များစွာသော တယ်လီဖုန်း ဆင်းကဒ်များအား ရောင်းချထားကြကြောင်း စွပ်စွဲ ပြောကြားသည်။

အမျိုးသမီး ၀န်ကြီးမှ တယ်လီဖုန်း ဆင်းကဒ် ကုမ္ပဏီများအနေဖြင့် ဘင်္ဂလာဒေ့ရှ်ပိုင်နက်နယ်မြေကို ကျော်လွန်ပြီး သူတို့၏ လုပ်ငန်းကို မချဲ့ထွင်ရန်လည်း ညွှန်ကြားချက်များ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

တစ်ခြားတိုင်းပြည်ကို မပြောလိုကြောင်း၊ တယ်လီဖုန်း ကုမ္ပဏီများအနေဖြင့် ပြုလုပ်သည်ကို တွေ့ရှိက အရေးယူမည် ဖြစ်ကြောင်း၊ အစိုးရ၏ လူသားချင်းစာနာမူအရ လာမည့် သုံးရက်အတွင်းက ဒုက္ခသည် စခန်းများတွင် တယ်လီဖုန်းလိုင်းများကို တပ်ဆင်ပေးထားပြီ ဖြစ်သဖြင့် ဆက်သွယ်ရေး ရရှိမည် ဖြစ်ကြောင်း သူမက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာမှ ထွက်ပြေးလာသူများအား တယ်လီဖုန်းဆင်းကဒ်ရောင်းချမှု ဘင်္ဂလာအာဏာပိုင်များမှ တားမြစ် မြန်မာမှ ထွက်ပြေးလာသူများအား တယ်လီဖုန်းဆင်းကဒ်ရောင်းချမှု ဘင်္ဂလာအာဏာပိုင်များမှ တားမြစ် Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.