ခင်ဦးမြို့နယ်၌ ကိုယ်လက်အင်္ဂါ မသန်စွမ်း မိန်းကလေးတစ်ဦးအား သားမယားအဖြစ်ပြုကျင့်ခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာနေ (ဘ)ဦးမျိုးလင်း၏သမီးဖြစ်သူမှာ ဘယ်လက်နှင့်ဘယ်ခြေထောက် မသန်းစွမ်းသူ မအေးသီး ၂၀ နှစ် သည် စက်တင်ဘာ(၃)ရက်နေ့ နေ့(၁၁)နာရီခွဲခန့်က ၎င်းနေအိမ်မြောက်အရပ်ရှိ သုသာန်ဘက်သို့ အခင်းကြီးသွားရန် မကျည်းပင်အောက်သို့ဝင်သွားစဉ် ကိုမင်း ၅၂ နှစ် (ဘ) ဦးပြေ မြင်းဒေါင်းကျေးရွာ၊ ခင်ဦးမြို့နယ်နေသူမှ ရောက်ရှိလာပြီး အတင်းအဓမ္မ ဆွဲလှဲ ဆွဲလှန် ပါးစပ်ပိတ်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး မည်သူကိုမျှမပြောရန် ခြိမ်းခြောက်၍ ငွေ ၁၀၀၀ ကျပ် ပေးပြီး ထွက်သွားခဲ့သည်။


၎င်းမအေးသီမှာ နေအိမ်ရှိ မိခင် ဒေါ်နန်းအား ကိုမင်း ဆိုသူက သမီးအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူ ဒေါ်နန်းမှ ကျေးရွာအုပ်ချုပ်မှူးနှင့် ရဲစခန်းသို့ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်သူကိုမင်းအား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ ခင်ဦးမြို့မရဲစခန်းမ (ပ)၄၁၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် ကိုမင်း ၅၂ နှစ် (ဘ)ဦးပြေ မြင်းဒေါင်းကျေးရွာ၊ ခင်ဦးမြို့နယ်နေသူအား အမှုဖွင့် ဖမ်းဆီးအရေးယူထား ကြောင်းသိရသည်။

Chit San
ခင်ဦးမြို့နယ်၌ ကိုယ်လက်အင်္ဂါ မသန်စွမ်း မိန်းကလေးတစ်ဦးအား သားမယားအဖြစ်ပြုကျင့်ခံရ ခင်ဦးမြို့နယ်၌ ကိုယ်လက်အင်္ဂါ မသန်စွမ်း မိန်းကလေးတစ်ဦးအား သားမယားအဖြစ်ပြုကျင့်ခံရ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.