မောင်တောနယ်မှ လူပေါင်း ၄၀ မြောက်ဦးမြို့နယ် ပေါက်တောပြင်တွင်ခိုလှုံ


နိရဉ္စရာ၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား ၄၀ သည် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာသို့ စက်တင်ဘာလ ၉ နေ့ညပိုင်းတွင် ရောက်ရှိခိုလှုံလာသည်ဟု သတင်းရရှိသည်။

“ အကြမ်းဖက်သမားတွေကို ကြောက်လို့ တိမ်းရှောင် လာခဲ့ကြတာပါ။ ရွာမှာ မအိပ်ရ၊ မနေရ၊ ဘုန်းကြီးကျောင်းမှာ အိပ်နေရပြီးတော့ ဒုက္ခတွေခံစားခဲ့ရတဲ့အတွက် စိုးရိမ်ကြောက်ရွံ့လို့ ကျေးရွာကို စွန့်ခွာပြီး လာခဲ့ကြတာပါ”ဟု ရန်အောင်ပြင်ကျေးရွာမှ ဒေါ်ဟန်သိန်းနုက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။


သူတို့အား လက်ရှိ အချိန်တွင် ပေါက်တောပြင် ဘုန်းကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သိရသည်။

“ကျမတို့ ကျေးရွာမှာ နေနေခဲ့ရတာက ဘင်္ဂလီ အကြမ်းဖက်သမားတွေ မိုင်းဗုံး ထောင်ထားခဲ့တဲ့အတွက် ဈေးသွားလို့ မရဘူး၊ လမ်းကိုထွက်လို့ မရဘူး၊ ဆားမစားရ၊ အချိုမုန့်မစားရ၊ ငါးပိမစားရ၊ အစားဆင်းရဲ၊ အနေဆင်းရဲ နေခဲ့ရပါတယ်။ တောင်တွေမှာလည်း အကြမ်းဖက်သမား ရှိနေတယ်လို့ ကြားသိရတဲ့အတွက် ဟင်းရှာလို့လည်း မရဖြစ်နေခဲ့ပါတယ်။ ဆန်တစ်ခုကတော့ လက်ခံရရှိပါတယ်။ အခြားရိက္ခာတွေကို မရရှိကြပါဘူး”ဟု သူမက ကဆက်ပြောသည်။

ရန်အောင်ပြင်ကျေးရွာ၌ ရဲတပ်ဖွဲ့ဝင် ၈ ဦးနှင့် ရခိုင် အမျိုးသား ၂၀ ခန့်သာ ကျေးရွာကို စောင့်ရှောက်၍ ကျန်ရှိနေခဲ့ကြောင်း၊ လုံခြုံရေး စိတ်မချရရာမှ အမျိုးသမီးများနှင့် ကလေးငယ်များ ရွာကို စွန့်ခွာလာခြင်း ဖြစ်ကြောင်း သူမက ပြောကြားသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
မောင်တောနယ်မှ လူပေါင်း ၄၀ မြောက်ဦးမြို့နယ် ပေါက်တောပြင်တွင်ခိုလှုံ မောင်တောနယ်မှ လူပေါင်း ၄၀ မြောက်ဦးမြို့နယ် ပေါက်တောပြင်တွင်ခိုလှုံ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.