ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု တက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ပြောဆိုကြောင်း ဗြိတိသျှအင်တာနက်သတင်းစာမျက်နှာများတွင် စက်တင်ဘာ ၂၂ ရက်နေ့က ရေးသားထားသည်။
မြန်မာနိုင်ငံတွင် လူမျိုးရေး ရှင်းလင်းမှုများ ဖြစ်ပေါ်နေသည်ဟူသော အချက်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးနည်းတူ ထပ်တူထပ်တူမျှ စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းကြည်အား ပေးအပ်ထားသော ဆုကို ပြန်လည်ရုပ်သိမ်းရန် ဆွေးနွေးပြောဆိုမှုများ မရှိကြောင်း တက္ကသို်လ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော အောက်စဖို့ဒ်တက္ကသိုလ်သည်
ရန်ကုန်တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရခိုင်ဒေသအရေးအခင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပြင်းထန်စွာ ဝေဖန်မှုများရှိနေပြီး၊ ငြိမ်းချမ်းရေး နိုဘယ်ဆုအပါအဝင် သူ့အားပေးထားသော ဆုတစ်ချို့ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုမှုများရှိနေသည်။
အောက်စဖို့ဒ်မြို့တော်ကောင်စီကမှု ဒေါ်အောင်ဆန်းစုကြည်အား ပေးထားသော Freedom of the City ဆုအား လာမည့်လတွင် ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်သည်ဟု ကြေညာထားသည်။
Myanmar Now
https://www.facebook.com/myanmarnownews/
ဒေါ်အောင်ဆန်းစုကြည်ထံမှ အောက်စဖို့ဒ် ဂုဏ်ထူးဆောင်ဆု ပြန်သိမ်းမည်မဟုတ်
Reviewed by THITHTOOLWIN
on
18:46
Rating:
