![]() |
မြောက်ကိုးရီးယားဟာ တာဝေးပစ်ဒုံးကျည်တွေနဲ့ သူ့ရဲ့ နျူးကလီးယား အစီအစဉ်တွေကို လျင်မြင်စွာ ပြုလုပ်လာနိုင်နေတယ်လို့ ပြောကြပါတယ် |
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂမှာ ပြောဆိုခဲ့တဲ့ ထရန့်ရဲ့ မိန့်ခွန်းမှာ မြောက်ကိုးရီးယားအနေနဲ့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေကို စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့မယ်ဆိုရင် အကုန်လုံးပျက်စီးအောင် တုံ့ပြန်ရလိမ့်မယ်လို့ ပြောခဲ့တာပါ။
မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုရဲ့ တုံ့ပြန်မှုဟာ ထရန့်ရဲ့ မိန့်ခွန်းပြောဆိုမှုအပြီး ပထမဆုံး တုံ့ပြန်တဲ့ မြောက်ကိုးရီးယားရဲ့ တုံ့ပြန်မှုလည်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ထားမှုတွေကို အာခံပြီး မြောက်ကိုးရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယားနဲ့ လက်နက်စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်သွား ဦးမှာဖြစ်ပါတယ်။
ဆိုရိုးစကားရှိပါတယ် ခွေးကဟောင်နေတဲ့တိုင်အောင် စစ်ရေးပြချီတက်မှုတွေက ဆက်လုပ်နေတယ် ဆိုတဲ့အတိုင်းပါပဲလို့ မစ္စတာရီက ကုလသမဂ္ဂ အဆောက်အအုံမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒုံးပျံသမားဟာ သူ့ရဲ့စီမံကိန်းတွေကြောင့် သူ့ဘဝနဲ့ သူ့အစိုးရကို ကိုယ့်ကိုကိုယ်သတ်သေစေပါလိမ့်မယ်လို့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအမ်နဲ့ ပတ်သက်လို့ ဒေါ်နယ်ထရန့်က ပြောခဲ့ပါတယ်။
လေ့လာသူတွေကတော့ မြောက်ကိုးရီးယားဟာ တာဝေးပစ်ဒုံးကျည်တွေနဲ့ သူ့ရဲ့ နျူးကလီးယား အစီအစဉ်တွေကို လျင်မြင်စွာ ပြုလုပ်လာနိုင်နေတယ်လို့ ပြောကြပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ကတော့ မြောက်ကိုးရီးယားဟာ သူ့ရဲ့ ၆ ကြိမ်မြောက်နဲ့ အကြီးမားဆုံး နျူးကလီးယား စမ်းသပ်မှုကို ကြေငြာခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ထရန့် မိန့်ခွန်းက ခွေးဟောင်သံနဲ့တူလို့ မြောက်ကိုးရီးယားပြော
Reviewed by THITHTOOLWIN
on
17:47
Rating:
