ဂျပန်မှာ တက်တူး ဆေးမှင်ကြောင်ထိုးပေးသူတွေ လိုင်စင်လုပ်ရမည်


ဂျပန်နိုင်ငံမှာ ဆေးဘက်ဆိုင်ရာလိုင်စင်မရှိပဲ ဆေးမှင်ကြောင်ထိုးပေးတဲ့ အနုပညာရှင်တယောက်ကို အမေရိကန် ဒေါ်လာ ၁၃၀၀ နဲ့ညီမျှတဲ့ ယမ်းငွေ ၁ သိန်းခွဲပေးဆောင်ရမယ်လို့ အိုဆာကာခရိုင် တရားရုံးက ဒီနေ့အမိန့်ချလိုက်ပါတယ်။

ဆေးမှာင်ကြောင်ထိုးတဲ့ စုပ်ကနေတဆင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကူးစက်ပြီး အရေပြားရောဂါ ရနိုင်တဲ့အတွက် အန္တရာယ်ရှိတယ်လို့တရားသူကြီးရဲ့မှတ်ချက်ကို နစ်ကိုင်းနေ့စဉ်သတင်းစာ ကဖေါ်ပြထားပါတယ်။

အဲဒီဆေးမှင်ကြောင်ထိုးပေးတဲ့ အနုပညာရှင်ဟာ လိုင်စင်မရှိဘဲ လုပ်ကိုင်နေတဲ့အတွက် ရဲက ၂၀၁၅ ခုနှစ်မှာသူ့အလုပ်ခန်းကိုဝင်စီးပြီး ဖမ်းလိုက်တာပါ။ ဒီအမှုအတွက် ဒဏ်ငွေဆောင်ဖို့ အမိန့်ချခဲ့ပေမယ့် သူက ဒဏ်ငွေမဆောင်ဘဲ တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နာမည်ကြီး ယာကူဇာလူဆိုးဂိုဏ်းဝင်တွေက ဆေးမှင်ကြောင် ထိုးတတ်ကြတဲ့အတွက် လူဆယ်ယောက်မှာ ကိုးယောက်က ဆေးမှင်ကြောင်ရုပ်ရှိတဲ့သူတွေကို ကြောက်ကြတယ်လို့ ၂၀၁၄ ခုနှစ်မှာ ကောက်ထားတဲ့စစ်တမ်းတခုက ဖေါ်ပြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အဲဒီအမြင်တွေပြောင်းလာပြီး၊ လူငယ် ၄၀ ရာခိုင်နှုန်းလောက်က ဆေးမှင်ကြောင်ထိုးတာကို ဖက်ရှင်အနုပညာတခုအနေနဲ့ လက်ခံနေကြပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဂျပန်မှာ တက်တူး ဆေးမှင်ကြောင်ထိုးပေးသူတွေ လိုင်စင်လုပ်ရမည် ဂျပန်မှာ တက်တူး ဆေးမှင်ကြောင်ထိုးပေးသူတွေ လိုင်စင်လုပ်ရမည် Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.