ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်က စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာခဲ့ကြသူတွေကို တာဝန်ရှိသူတွေက မှတ်ပုံတင်စာရင်းသွင်းရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ လူမျိုးအမည် မပါဝင်တာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တချို့က မှတ်ပုံတင်ဖို့ လက်မခံ ငြင်းဆန်ခဲ့ကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးတဲ့အခါ ကဒ်ပြားပေါ်က နိုင်ငံသားအဖြစ် ဖြည့်စွက်ရမည့်နေရာသာပါပြီး လူမျိုးအဖြစ် ဖြည့်စွက်ရမယ့်နေရာ မပါဝင်တဲ့အတွက် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးကို မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးနေရာမှာ အခုထိ မှတ်ပုံတင်ပြီးသူ နှစ်သောင်းလေးထောင်လောက် ရှိတယ်လို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ပြားရဲ့ လူမျိုးနေရာမှာ မြန်မာနိုင်ငံသားအဖြစ်ဖေါ်ပြဖို့ ဘင်္ဂလာေးဒ့ရှ် အစိုးရ က ဆုံးဖြတ်ထားပေမယ့် ဒုက္ခသည်တချို့က နိုင်ငံသားဆိုတာထက် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း စေချင်ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကတော့ ဒုက္ခသည်ကဒ်ပြားမှာ လူမျိုးအမည် မထည့်သွင်းတာဟာ နိုင်ငံတကာစံနှုန်းနဲ့အညီဖြစ်အောင် အစိုးရက ဆောင်ရွက်ထားတာဖြစ်ကြောင်းပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
လူမျိုးအမည် မပါဝင်လို့ မှတ်ပုံတင်ဖို့ ဒုက္ခသည်များ ငြင်းဆန်
Reviewed by THITHTOOLWIN
on
12:04
Rating:
