အမြန်ရေယာဉ်တစ်စင်း ချင်းတွင်းမြစ် ရွှေပုလ္လင်ဝဲအတွင်း တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး


ဖောင်းပြင် စက်တင်ဘာ ၁ဝ

မုံရွာ-ခန္တီးသွား အမြန်ရေယာဉ်သည် မုံရွာမြို့မှ ခရီးသည် ၁၁ ဦး တင်ဆောင်ကာ ခန္တီးမြို့သို့ ချင်းတွင်းမြစ်ကို ဖြတ်ကျော်မောင်းနှင် ထွက်ခွာလာရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် တံငါကျေးရွာအနီး ရွှေပုလ္လင်ဝဲ အရောက်၌ ဝဲခွက်လန်၍ အမြန်ရေယာဉ်ပေါ်သို့ ရေများဝင်ပြီး တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

အဆိုပါ အမြန်ရေယာဉ် တိမ်းမှောက်ရာနေရာသို့ ဖောင်းပြင် မြို့နယ် မီးသတ်ဦးစီးမှူး ဦးစာမူအဲနှင့် တပ်ဖွဲ့ဝင် ၁ဝ ဦး၊ မြို့နယ်ရေယာဉ် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် အဖွဲ့ ဝင်များက ကယ်ဆယ်ရေးယာဉ် တစ်စင်းဖြင့် သွားရောက်ကာ တံငါ ကျေးရွာဒေသခံများနှင့် ရေအောက် တောင်းရဲကင်းစခန်းမှ တာဝန်ရှိသူ တို့နှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

 တိမ်းမှောက်အမြန်ရေယာဉ် အနီးမှ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ကယ်ဆယ် နိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးအား တံငါတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးကာ ကျန် အမျိုးသမီးတစ်ဦးအား တာဝန်ရှိ သူတို့က ရှာဖွေကယ်ဆယ်မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အမြန်ရေယာဉ်တစ်စင်း ချင်းတွင်းမြစ် ရွှေပုလ္လင်ဝဲအတွင်း တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး အမြန်ရေယာဉ်တစ်စင်း ချင်းတွင်းမြစ် ရွှေပုလ္လင်ဝဲအတွင်း တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.