ယင်းလတ် ဘယ်မှာ ရှိနေတယ်ဆိုတာ သိတယ်လို့ ပရာယွတ်ပြော


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်န၀တ် ဘယ်မှာ ရောက်နေတယ်ဆိုတာ သိတယ် ဒါပေမယ့် အခု မပြောချင်သေးဘူးလို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ် က ဒီနေ့ပြောကြားလိုက်ပါတယ်။

ယင်းလတ်အမှုနဲ့ ပတ်သက်လို့ မနက်ဖန် တရားရုံးချုပ်က စီရင်ချက်ချပြီးမှ သူဘယ်မှာ ရှိတယ်ဆိုတာကို ပြောမယ်။ သူ ပြည်ပကိုထွက်ပြေးတယ်ဆိုတာ မဟုတ်ပါဘူးလို့ မစ္စတာပရာယွတ် က ပြောပါတယ်။

ယင်းလတ်ဟာ ဝန်ကြီးချုပ်ဘဝက အမတော်ကြေး ထုတ်ပေးတဲ့ကိစ္စမှာ နိုင်ငံတော်အနေနဲ့ ဒေါ်လာ ကုဋေနဲ့ချီပြီး ဆုံးရှုံးရမှုနဲ့ ပတ်သက်လို့ လက်ရှိ စစ်အစိုးရက တရားစွဲခံရတာ ဖြစ်ပါတယ်။ စီရင်ချက်မချခင် တရက်မှာ ထိုင်းနိုင်ငံက ပျောက်သွားပြီး တချို့က ပြည်ပမှာ ပုန်းနေတယ်လို့ ဆိုကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ယင်းလတ် ဘယ်မှာ ရှိနေတယ်ဆိုတာ သိတယ်လို့ ပရာယွတ်ပြော ယင်းလတ် ဘယ်မှာ ရှိနေတယ်ဆိုတာ သိတယ်လို့ ပရာယွတ်ပြော Reviewed by THITHTOOLWIN on 05:48 Rating: 5
Powered by Blogger.