![]() |
ဘာလီကျွန်းပေါ်က Agung မီးတောင် |
ခရီးသွားဧည့်သည်တွေ အသွားများတဲ့ Kuta အပန်းဖြေကမ်းခြေရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၇၀ လောက်မှာရှိတဲ့ မီးတောင်ကြီးက အခုသီတင်းပါတ်အတွင်း အသေးစားတုန်ခါမှုပေါင်း ရာနဲ့ချီဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီဝန်းကျင်က လူပေါင်း ၁ သောင်းနီးပါးကို ဘေးကင်းရာ ပြောင်းရွှေ့ပေးထားပြီး နောက်ထပ်ပြောင်းရွှေ့မှုတွေလည်း လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ ဒီမီးတောင်နောက်ဆုံး ပေါက်ကွဲခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် 1962 ခုနှစ်ကဖြစ်ပြီး အဲဒီတုန်းက ၁ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
Indonesia နိုင်ငံဟာ မီးရှင်တောင်အများဆုံးရှိတဲ့ နိုင်ငံရှိပြီး မီးရှင်တောင် ၁၃၀ လောက်ရှိပါတယ်။ Indonesia နိုင်ငံဟာ Pacific သမုဒ္ဒရာထဲက “Ring of Fire” လို့ပြောတဲ့ မြေအောက်ကြမ်းပြင်ကြီးတွေ တခုနဲ့တခုထိဆက်လို့ဖြစ်နေတဲ့ ပြတ်ရွေ့ကြောတွေနဲ့ မီးတောင်တွေရှိတဲ့နေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဘာလီကျွန်း မီးတောင်အန္တရာယ် သတိပေး
Reviewed by THITHTOOLWIN
on
07:19
Rating:
