အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲ မန္တလေးမှာကျင်းပ

ရခိုင်ပြည်နယ်အတွင်းက အစွန်းရောက်အကြမ်းဖက်မှုတွေနဲ့ ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရှုတ်ချပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့စဉ်။ Photo: Hset Paing Toe/ RFA
ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်အကြမ်းဖက်မှုတွေနဲ့ ရခိုင်အရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်နေတဲ့ အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ ဟောပြောပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ပွဲ မဟုတ်ဘဲ နိုင်ငံတကာရဲ့ ဖိအားတွေကို ကြုံတွေ့နေရတဲ့ အစိုးရကို အထောက် အကူပြုတဲ့ပွဲဖြစ်တယ်လို့ ဦးဆောင်ဟောပြောသူတစ်ဦးဖြစ်တဲ့ ဦးအေးပိုင် က ပြောပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ မျိုးချစ်တဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို မချိုးနှိမ်ဖို့ တောင်းဆိုကြောင်း လည်း ပြောပါတယ်။

ဟောပြောပွဲကို ဆရာတော်ဦးဝီရသူ တက်ရောက်ခဲ့ပေမယ့် ဟောပြောမှု မပြုခဲ့ပါဘူး။ အဲဒီပွဲကို အမျိုးသားရေး အင်အားစုအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး မန္တလေးတိုင်းအတွင်းက အဖွဲ့ဝင် ၃၀၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်။ တက်ရောက်လာတဲ့သံဃာတချို့ကလည်း နိုင်ငံတကာဖိအားကို ခံနေရတဲ့ အစိုးရကို ၀န်းရံဖို့အတွက် ဒီဟောပြောပွဲမှာ ပါဝင်တာဖြစ်တယ်လို့ မိန့်ပါတယ်။

တက်ရောက်လာသူတွေက ရခိုင်ပြည်ကိုကာကွယ်ကြပါ၊ အစွန်းရောက်အကြမ်းဖက်တွေကို တိုက်ခိုက်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ထောက်ခံပါသည်၊ မီဒီယာများ မျှတမှုရှိကြပါ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် အသက်သွေးကြောဖြစ်သည် စတဲ့ ပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲ မန္တလေးမှာကျင်းပ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲ မန္တလေးမှာကျင်းပ Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.