ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ဂတ်(စ်)အိုးများ တင်ဆောင်လာသော ယာဉ်တစ်စီး အရိုန်လွန် တိမ်းမှောက်


သုဝဏ္ဏဝတီမြို့ စက်တင်ဘာ ၂၆

မွန်ပြည်နယ် သထုံမြို့ နယ်သုဝဏ္ဏဝတီမြို့ကျိုက္ကော်ရပ်ကွက် အပြင်အနန်းကုန်းပိုင်း တွင် စက်တင်ဘာ ၂၆ ရက် နံနက်စောစောပိုင်းက ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ဂတ်(စ်)အိုးများတင်ဆောင်လာသော ယာဉ်တစ်စီး အရိုန်လွန် တိမ်းမှောက်ခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမူ မရှိကြောင်း သိရသည် ။

 ယာဉ်တိမ်းမှောက်မူသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲအုပ်ကိုကိုလတ် နှင့် ရဲတပ်ဖွဲ့ဝင်များ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးစိုး အသိသက်သေများနှင့်အတူ စစ်ဆေးရာ မိုင်တိုင်အ မှတ်၁၄၀/၂နှင့်၁၄၀/၃ကြားတွင်သထုံမြို့ဘက်မှဘီး လင်းမြို့ဘက်သို့ယာဉ်မောင်းသိန်းမြင့်(၄၁)နှစ်(အမှတ်-၃၁စကားဝါလမ်းမှော်ဘီမြို့ ရန်ကုန်တိုင်းဒေသကြီးနေသူ)မောင်းနှင်လာပြီး တစ်လုံးလျှင်48 K.G အလေးချိန်ရှိသော ဂက်စ်အိုး (133)လုံး အား မြဝတီမြို့ မှ ရန်ကုန်မြို့ သို့ တင်ဆောင်လာသည့် FUSOကုန်တင်ယာဉ် အမှတ်7M/------ သည်အဆိုပါနေရာသို့အရောက် တွင်ယာဉ်၏ခါးလယ်အောက်ပိုင်း ဂျွိုင်းဆက်ပြတ်၍ လမ်းနှင့်ထောက်ကာ လဲကျတိမ်းမှောက်သွားခဲ့ကြောင်း မီးလောင်မူ မဖြစ်ရန် ကြိုတင် ကာကွယ်သည့်အနေဖြင့် သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ သုဝဏ္ဏဝတီမြို့မှ မီးသတ်ယာဉ်များ ရောက်ရှိရေဖျန်းပေးခဲ့ကြောင်း သိရသည့်အပြင်ယာဉ်တိမ်းမှောက်မှုကြောင့်လူထိခိုက်ဒဏ် ရာရသေဆုံးမှုမရှိခဲ့ကြောင်း သိရသည် ။

 ဖြစ်စဉ်နှင့်ပတ်သက်၍ လမ်းမပေါ်တွင် အန္တရာယ်ဖြစ်စေအောင် မဆင်မခြင်တိမ်းမှောက်မောင်းနှင်သူ သိန်းမြင့်အပေါ်သိမ်ဆိပ်နယ်မြေရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ဂတ်(စ်)အိုးများ တင်ဆောင်လာသော ယာဉ်တစ်စီး အရိုန်လွန် တိမ်းမှောက် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ဂတ်(စ်)အိုးများ တင်ဆောင်လာသော ယာဉ်တစ်စီး အရိုန်လွန် တိမ်းမှောက် Reviewed by THITHTOOLWIN on 19:12 Rating: 5
Powered by Blogger.