အလှူခံငွေခိုးယူမှုဖြင့် ကလေးသုံးဦးအား တရားစွဲဆိုမှုရုပ်သိမ်းပေးရေး ဆန္ဒပြ


ရန်ကုန် စက်တင်ဘာ ၂၆

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်ဗောဓိဘုရားဝင်း အတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၃ဝဝ ခိုးယူသည်ဟုဆိုကာ ကလေးသုံးဦးကို ပုဒ်မ ၃၇၉ ဖြင့် တရားစွဲဆိုထားမှုအား ရုပ်သိမ်း ပေးရေးဆန္ဒပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရပ်ကွက် နေပြည်သူ ၅ဝ ခန့်က ပြုလုပ်ခဲ့ သည်။

ဆန္ဒပြရာတွင် မြို့နယ်ကျက် သရေဆောင် အောင်ဗောဓိဘုရား ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းပေး ရေး၊ အောင်ဗောဓိဘုရားအလှူခံ ပုံးအတွင်းမှ ငွေကျပ် ၃ဝဝ ခိုးယူခဲ့ သည့် ကလေးသူငယ်သုံးဦးအား ပုဒ်မ ၃၇၉ ဖြင့် စွပ်စွဲထားသည့် ဂေါပကလူကြီးများအား ဖယ်ရှား ပေးရေး၊ တောင်ဒဂုံမြို့နယ်အတွင်း တစ်ဦးတည်းပိုင်နာမည်ဖြင့် ရယူ ထားသော မီးတားကွင်းမြေများ အား ပြန်လည်ရရှိရေးနှင့် စည်ပင် မြေများပေါ်တွင် ကျူးကျော်ခြံခတ် ထားခြင်းကို သက်ဆိုင်ရာရဲဌာန များမှ စိစစ်အရေးယူဖယ်ရှားပေး ရေး စသည့်စာသားပါ ဗီနိုင်းပို စတာများကို ကိုင်ဆောင်ကြွေး ကြော်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်(၅၆)ရပ်ကွက် လှော်ကား လမ်းဆုံမှ အောင်ဗောဓိဘုရား အထိ လမ်းလျှောက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများကို တောင်ဒဂုံ ၅၆ လမ်းဆုံနားအရောက်တွင် ရဲတပ်ဖွဲ့မှ တားဆီး၍မြို့နယ်ထွေ အုပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်။ ထို့နောက် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး မွန်းတည့် ၁၂နာရီခန့် တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်စန်း စန်းဝင်းက သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ ခွင့်ပြုမိန့်တင်ပြခဲ့သော်လည်း ၂၄ နာရီမပြည့်မီ ဆန္ဒပြခဲ့၍ ခေါ်ယူ သတိပေးခြင်းဖြစ်ကြောင်းနှင့် ယခု လာမည့် ၂၇ ရက် မွန်းလွဲ ၃နာရီ တွင် ဆက်လက် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂ဝ)ရပ်ကွက်နေ ကလေးသုံးဦး သည် ယခုလ ၁၃ ရက်တွင်အောင် ဗောဓိဘုရားဝင်းအတွင်း၌ ထားရှိ သော အလှူခံပုံးအတွင်းမှ ငွေကျပ် ၃ဝဝ ကို သွားကြားထိုးတံဖြင့် ကော်ထုတ်ယူနေသည်ကို တွေ့ရှိခဲ့ သောကြောင့် ဂေါပကလူကြီးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် တရားစွဲ ဆိုခဲ့သည်။ အဆိုပါကလေးသုံးဦး အား ယခုလ ၁၈ ရက်တွင် သန် လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

မင်းဟိန်း
The Union Daily
https://www.facebook.com/uniondaily.net
အလှူခံငွေခိုးယူမှုဖြင့် ကလေးသုံးဦးအား တရားစွဲဆိုမှုရုပ်သိမ်းပေးရေး ဆန္ဒပြ အလှူခံငွေခိုးယူမှုဖြင့် ကလေးသုံးဦးအား တရားစွဲဆိုမှုရုပ်သိမ်းပေးရေး ဆန္ဒပြ Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.