မုံရွာမြို့ ကန်သာယာကန်အတွင်း လူသေလောင်း တစ်လောင်းတွေ့ရှိ


မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ကန်သာယာကန်အတွင်း ကျား/မ ခွဲမရတဲ့ ပုံပျက်ကာ အရိုးသာကျန်တဲ့ အလောင်းတစ်လောင်း စက်တင်ဘာ(၂၄)ရက် နံနက်(၁၁)နာရီလောက်က တွေ့ရှိခဲ့တယ်လို့ မုံရွာမြို့မရဲ ရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်ရဲ့ ပြောပြချက်အရ သိရပါတယ်။

 တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းမှာ ဦးခေါင်းခွံမပါ အရိုးစုတွေနဲ့ ဘောင်းဘီ တစ်ထည်သာ တွေ့ရှိခဲ့တဲ့ အတွက် ကျား/မခွဲရန် ခက်ခဲပြီး ဘယ်အချိန်က သေဆုံးခဲ့တယ်ဆိုတာလည်း စုံစမ်းစစ်ဆေးဖို့ ခက်ခဲတယ်လို့ စခန်းမှူးက ပြောပါတယ်။


 ရပ်ကွက်နေ လူငယ်တစ်ဦး ကန်သာယာကန်အနီးအပန်းဖြေနေတဲ့အချိန် အပုပ်နံရတာကြောင့် သွားကြည့်တဲ့ အချိန်မှာ အရိုးစုတစ်စုကို စတင်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စတင်တွေ့ရှိခဲ့တဲ့ လူငယ်ဟာ အရိုးစုကို အချိန် ၅ မိနစ်ကြာ ဆယ်ယူခဲ့တယ်လို့ ပြောပါတယ်။ တွေ့ရှိခဲ့တဲ့ အရိုးစုတွေကို မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စုံစမ်းဆေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေပြီး လွန်ခဲ့တဲ့ (၂) နှစ်ခန့်ကလည်း အခုလို ကန်သာယာကန်အတွင်း လူသေဆုံးမှု ဖြစ်ပွားခဲ့ကာ အခုလို သေဆုံးတဲ့အလောင်း တွေ့ရှိတာတွေ ရှိခဲ့ဖူးတယ်လို့ ကန်သာကန်အနီး နေထိုင်တဲ့ ရပ်ကွက်နေပြည်သူတွေ ပြောပြချက်အရ သိရပါတယ်။

 အဲဒီတွေ့ရှိမှုနဲ့ ပက်သက်ပြီး မုံရွာမြို့မ ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၇ အရ အမှုရေးဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင်ဖြိုးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မုံရွာမြို့ ကန်သာယာကန်အတွင်း လူသေလောင်း တစ်လောင်းတွေ့ရှိ မုံရွာမြို့ ကန်သာယာကန်အတွင်း လူသေလောင်း တစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.