ဒီလ်ပါရာကျေးရွာ၌ နေအိမ်များ မီးလောင်မှုဖြစ်ပွား


စက်တင်ဘာ ၂၄၊၂၀၁၇

မောင်တောမြို့နယ် ဒီလ်ပါရာကျေးရွာ ယခင်မီးလောင်ပြင်တွင် ကျန်ရှိနေသည့် လူမနေသည့် နေအိမ် ၅ လုံး စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီလ်ပါရာကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်စဉ် ကျေးရွာအတွင်း မီးလောင်နေမှုအားတွေ့ရှိ၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင်အတူ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေ ၁၅၀၀၀၀ ကျပ်ခန့် ဆုံးရှူံးခဲ့ကြောင်းသိရပြီး တရားခံဖမ်းဆီးရမိရေး မောင်တောမြို့မစခန်း၌ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

Information Committee
https://www.facebook.com/InfomationCommittee
ဒီလ်ပါရာကျေးရွာ၌ နေအိမ်များ မီးလောင်မှုဖြစ်ပွား ဒီလ်ပါရာကျေးရွာ၌ နေအိမ်များ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.