သက်တော်(၉၀)ရှိ ဆရာတော်ကြီးတပါး သတ်ဖြတ်ခံရ

သက်တော်(၉၀)ရှိ ဆရာတော်ကြီးတပါး သတ်ဖြတ်ခံရ
ထိုင်းနိုင်ငံ စကိုနကော်ပြည်နယ်မှာ သီတင်းသုံးနေထိုင်နေတဲ့ သက်တော်(၉၀) ဆရာတော်ကြီးတပါးကို စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ဦးခေါင်းကို သံဒုတ် နဲ့ ရိုက်ပြီး ကျောင်းပိုင်ငွေတွေ လုယက်ခံခဲ့ရကြောင်း သိရပါတယ်။

လုံပို ကြတီယာ Luang Pu Jittiya လို့ လူသိများတဲ့ ဆရာတော်ဟာ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံ စကိုနကော်ပြည်နယ်မှာ လာရောက် သီတင်းသုံးနေထိုင်နေခဲ့တာ နှစ်ပေါင်း (၄၀)ကျော်ပြီလို့ သိရပါတယ်။

ဆရာတော်ကြီးဟာ စီးပွားရေး အရောင်းအ၀ယ်အဆင်ပြေအောင် ဓါတ်ရိုက်ဓါတ်ဆင် အထက်လမ်း နည်းပညာတွေမှာ နံမည်ကျော်ပြီး ကိုးကွယ်သူတွေ၊ ကျောင်းဆောက်လှူတမ်းသူတွေ များပြားကြောင်းသိရပါတယ်။ ကျောင်းပေါ်မှာ တပါးထဲ နေထိုင်နေတဲ့ ဆရာတော်ကြီးဟာ ဦးခေါင်းကို အရိုက်ခံရတဲ့ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ကျူးလွန်တဲ့တရားခံလို့ ယူဆရတဲ့ အမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေပြီလို့  ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်၊ တရားခံဟာ ဆရာတော်ကျောင်းမှာ သံဃာအဖြစ်လာရောက်ဝတ်ဖူးသူ တပြည့်ဟောင်းဖြစ်ပြီး မူးယစ်ဆေးသုံးစွဲနေရာက ဆေးဖိုးလိုနေလို့ ခုလို ဆရာတော်ကို သတ်ပြီး အလှူငွေတွေကို လုယူသွားခဲ့တာလို့  လည်းသိရပါတယ်။

Social Action for Children and Women - SAW
သက်တော်(၉၀)ရှိ ဆရာတော်ကြီးတပါး သတ်ဖြတ်ခံရ သက်တော်(၉၀)ရှိ ဆရာတော်ကြီးတပါး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.