ကျွန်းစုမြို့နယ်၊ တောင်ပြိုကျေးရွာတွင် သစ်သားလက်ကုတ်လှေ နစ်မြုပ် ကျောင်းသူတစ်ဦး ယခုထိရှာမတွေ့သေး
![]() |
ကျွန်းစုမြို့နယ် |
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာတွင်နေထိုင်သော အဘွားဖြစ်သူမှ မြေးဖြစ်သူအား သစ်သားလက်ကုတ်လှေဖြင့် သွားရောက်ကြိုပြီးအပြန် ရေစီးကြမ်းသဖြင့် နစ်မြုပ်ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ(၂၂-၉-၂၀၁၇)ရက်နေ့(၁၂၀၀)အချိန် တောင်ပြိုကျေးရွာ၊ ဥယျာဉ်ကမ်းရပ်နေ ဒေါ်ရွှေစန်း(၆၀)နှစ်(ဘ)ဦးလွန်းမြင့်သည် တစ်ရွာ တည်းနေ မမိုးဇင်ဦး(၂၃)နှစ်၊ (ဘ)ဦးဆန်းဗွေနှင့်အတူအလျား(၂၄)ပေ၊ အနံ(၅)ပေရှိ သစ်သားလက်ကုတ်လှေဖြင့် တောင်ပြို(အမက) ကျောင်း တွင် ကျောင်းတက်နေသော မအိဖြူစိုး(၅)နှစ်၊ (ဘ)ဦးစိုင်းဇော်ဇော်၊ KG တန်းအား သွားရောက်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
ထိုသို့ခေါ်ဆောင်စဉ် မြေးဖြစ်သူနှင့် တစ်ကျောင်းတည်း တက်ရောက်နေသည့် ကျေးရွာမှ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၅)ဦး၊ စုစုပေါင်း မအိဖြူစိုးပါ(၉)ဦးတို့အား တစ်ပါတည်းခေါ်လာပြီး ဒေါ်ရွှေစန်း တို့(၁၁)ဦးသည် တောင်ပြိုကျေးရွာမှ တစ်ဖက်ကမ်းရှိ ဥယျာဉ်ကမ်းသို့ အလျှား(၁၀၀)ကျော်ခန့်ရှိ ချောင်းအား လက်ကုတ်လှေဖြင့် ဖြတ်ကူးစဉ် ချောင်းအလယ် ရေစီးကြမ်း၍ လှေနစ်မြှုပ်ခဲ့ကြောင်းသိရသည်။
လှေပေါ်ပါ နစ်မြှုပ်သူများအား အနီးအနားရှိ ပိုက်လှေများမှ ဝိုင်းဝန်း ဆယ်ယူနိုင်ခဲ့သော်လည်း မအိဖြူစိုးမှာပျောက်ဆုံးနေသဖြင့် ရွာသူ/ရွာသားများ ကံမော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များတို့မှ ဝိုင်းဝန်း ရှာဖွေလျက်ရှိကြောင်းသိရသည်။
မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
ကျွန်းစုမြို့နယ်၊ တောင်ပြိုကျေးရွာတွင် သစ်သားလက်ကုတ်လှေ နစ်မြုပ် ကျောင်းသူတစ်ဦး ယခုထိရှာမတွေ့သေး
Reviewed by THITHTOOLWIN
on
18:57
Rating:
