မြန်မာနှင့် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း ရဟန်းတော်တစ်ပါးအားအတင်းဓမ္မ ပြောခိုင်းပြီး ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာပေါ် တင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦးဖမ်းဆီးခံရ


နိရဉ္စရာ၊ စက်တင်ဘာ ၁၅

အိန္ဒိယမှ မိမိနေရပ် စစ်တကောင်းမြို့သို့ ပြန်လာသည့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအား အတင်းအဓမ္မ အကျပ်ကိုင်ကာ မြန်မာနိုင်ငံနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်တိုက်ခိုက်သည့် စကားများ ပြောခိုင်းပြီး ဗီဒီယိုရိုက်ကာ လူမှုစာမျက်နာပေါ် တင်ခဲ့သည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား သုံးဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း BDNEWS 24 COM တွင် သတင်းဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ရီယာဇူအစ္စလာမ် မန်ဒဲလ်၊ အာမိန်ဟူစိန်နှင့် တော်ဖိ အာမတ်တို့ ဖြစ်ကြသည်။

၎င်းတို့သုံးဦးသည် အိန္ဒိယနိုင်ငံမှ မိမိနေရပ် စစ်တကောင်းသို့ ပြန်လာသူ ရဟန်းတော် တစ်ပါးအား လွန်ခဲ့သည့် အင်္ဂါနေ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံ Jessore ခရိုင် ဘန်နာပိုတွင် အတင်း ရပ်တန့်ခိုင်းပြီး အတင်း ဓမ္မ ကားတစ်စီးထဲသို့ သွင်းကာ သူတို့ညွှန်ကြားသည့် အတိုင်း လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ရဟန်းတော်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက် ဆန့်ကျင်သည့် စကားများ ပြောကြားရန် စေခိုင်းပြီး ဗီဒီယိုရိုက်ယူခဲ့သည်ဟု ရဲက ဆိုသည်။

ရဟန်းတော်၏ ပြောစကားကို အသံသွင်းပြီးနောက် ၎င်းဗီဒီယိုဖိုင်အား လူမှုစာမျက်နာပေါ်တွင် ဖမ်းဆီးခံရသူ သုံးဦး၏ ပို့စ်မှ တဆင့် ဖြန့်ဝေခဲ့ကြောင်း ဘန်နာပို ရဲစခန်းမှူး Sharif Habibur Rahman က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

သူတို့အား လောလောဆယ်တွင် အမှုဖွင့်ထားကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာနှင့် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း ရဟန်းတော်တစ်ပါးအားအတင်းဓမ္မ ပြောခိုင်းပြီး ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာပေါ် တင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦးဖမ်းဆီးခံရ မြန်မာနှင့် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း ရဟန်းတော်တစ်ပါးအားအတင်းဓမ္မ ပြောခိုင်းပြီး ဗီဒီယိုရိုက်ကာ လူမှုစာမျက်နှာပေါ် တင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.