မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ရဲမှူးချုပ်အောင်ဝင်းဦးကို ခန့်အပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ရဲမှူးချုပ်အောင်ဝင်းဦးကို ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတက အစမ်းခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၇ ခုနှစ် မေ ၁ ရက်နေ့တွင် ဒုတိယ ရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦးသည် လစ်လပ်နေသော ရဲချုပ်နေရာတွင် ယာယီရဲချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီး ၄လခန့်တွင် ရဲချုပ်အဖြစ် အစမ်းခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးသည် ရဲချုပ်အဖြစ် တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီး တစ်နှစ်ပြည့်မြောက်ပြီးမှသာ နိုင်ငံတော်သမ္မတက ရဲချုပ်အဖြစ် အတည်ပြုခန့်အပ်ရမည်ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ