ဘင်္ဂလားဒေ့ရှ်ဘက် ကို ထွက်ပြေးသည့် လူသုံးသိန်းကျော်တွင် ကလေးငယ် ၂သိန်း ၄သောင်း ပါဝင်ဟုဆို


နိရဉ္စရာ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ် မြောက်ပိုင်းက မတည်မငြိမ် အခြေအနေများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး လာသူများအထဲတွင် ခန့်မှန်းခြေ ကလေးငယ် ၂ သိန်း ၄ သောင်းလောက် ပါဝင်ကြောင်း ကုလသမဂ္ဂက ပြောဆိုသည်ဟု ဗွီအိုအေ(မြန်မာပိုင်း) သတင်းတွင် ဖော်ပြသည်။

ထွက်ပြေးလာသူ ခန့်မှန်းခြေ ဒုက္ခသည်ပေါင်း ၃၉၁,၀၀၀ လောက်အနက် ၆၀ ရာခိုင်နှုန်းလောက်မှာ ကလေးငယ်များ ဖြစ်ကြကြောင်း၊ ၎င်းအထဲမှ ၃၆,၀၀၀ လောက်ဟာ အသက် ၁ နှစ်အောက် အရွယ်တွေ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ပြောခွင့်ရသူ Marixie Mercado က ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဒုက္ခသည်များအထဲတွင် ကိုယ်ဝန်ဆောင်နှင့် နို့စို့အရွယ်ရင်သွေးရှိသည့် မိခင်အရေအတွက်က ၅၂,၀၀၀ ရှိကြောင်း၊ လွန်ခဲ့သည့် သီတင်းပတ်များ အတွင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူများ အထဲတွင် မိဘအုပ်ထိန်းသူမရှိသည့် ကလေးငယ် ၁,၁၀၀ ပါဝင်ကြောင်း ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဂျနီဗာမြိုတွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ UNICEF ပြောခွင့်ရသူက ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထွက်ပြေးလာသူများမှာမည်သည့် လူမျိုးဖြစ်ကြောင်း သတင်းတွင် ဖော်ပြမထားသော်လည်း မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးသူများမှာ ဘင်္ဂလီလူမျိုးများဖြစ်ကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလားဒေ့ရှ်ဘက် ကို ထွက်ပြေးသည့် လူသုံးသိန်းကျော်တွင် ကလေးငယ် ၂သိန်း ၄သောင်း ပါဝင်ဟုဆို ဘင်္ဂလားဒေ့ရှ်ဘက် ကို ထွက်ပြေးသည့် လူသုံးသိန်းကျော်တွင် ကလေးငယ် ၂သိန်း ၄သောင်း ပါဝင်ဟုဆို Reviewed by THITHTOOLWIN on 07:15 Rating: 5
Powered by Blogger.