မင်္ဂလာဒုံမြို့နယ်၌ နှစ်ထပ်တိုက်တစ်လုံးမီးလောင်


ရန်ကုန် စက်တင်လာ ၁၂

မင်္ဂလာဒုံမြို့နယ် ၂/ခ ရပ်ကွက် ဆရာစံလမ်း၌ စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်က နှစ်ထပ်တိုက်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာ၌ မြောက်ဥက္ကလာပ၊ ထောက်ကြန့်၊ အင်းစိန်၊ ပုလဲတို့မှ မီးငြိမ်းသတ်ရေးယာဉ်ဆယ်စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီးတို့က သွားရောက်ငြိမ်းသတ်ပေးခဲ့သည်။ လောင်အားများခဲ့သော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ၏ ဝိုင်းဝန်းငြိမ်းသတ်မှု ကြောင့် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

၎င်းတိုက်တွင် ကုမ္ပဏီတစ်ခုမှ တရုတ်လူမျိုးအမျိုးသားတစ်ဦးက ခေတ္တငှားနေထိုင်ခြင်းဖြစ်ပြီး အဲယားကွန်းအပူလွန်ကဲရာမှ စတင်မီးလောင်ရခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်အားများပြားရခြင်းမှာ အိမ်တွင်းရှိ ခေတ္တထားရှိသော အင်ဂျင်ဝိုင်ဘူများသို့ ကူးစက်မှုကြောင့်ဟု ရဲအရာရှိတစ်ဦးထံမှ သိရသည်။

မီးလောင်မှုကြောင့် တရုတ်နိုင်ငံသား Mr.Li Kai Hua အား မင်္ဂလာဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မင်္ဂလာဒုံမြို့နယ်၌ နှစ်ထပ်တိုက်တစ်လုံးမီးလောင် မင်္ဂလာဒုံမြို့နယ်၌ နှစ်ထပ်တိုက်တစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.