မီးတောင် အန္တရယ်ကြောင့် ပြောင်းပြေးရသူ ၁၄၀, ၀၀၀ ကျော်ပြီ


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အရှေ့ပိုင်း က အာဂွန် မီးတောင်ကြီး ပေါက်ကွဲဖို့အရှိန်ယူနေစဲ ဖြစ်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတာ သီတင်းတပတ်အတွင်း လူပေါင်း တသိန်း လေးသောင်းရှိနေပြီ လို့ သိရပါတယ်။

မီးတောင်ကြီးက ပြာမှုန့်တွေ မီးခိုးတွေ တော်တော်ထွက်နေပြီး တရက် ၂ရက်မှာ ပေါက်ကွဲမယ်လို့ မှန်းဆထားကြပါတယ်။
လူမှုကူညီရေးအဖွဲ့တွေ ကယ်ဆယ်ရေးအဖွဲ့တွေက အစစပြင်ဆင်ထားပေမယ့်လဲ ဘယ်တော့ ပေါက်မလဲ မသိရပဲ စောင့်မျှော်နေကြရတာမို့ စိတ်မောနေကြပါတယ်။

လယ်သမားတဦးကတော့ ရွာမှာ ကျန်ရစ်ခဲ့တဲ့ နွားတွေထဲက တချို့တဝက်ကို ခေါ်ဖို့ဆိုပြီး အန္တရယ် ရှိမှန်းသိရက်နဲ့ ပြန်သွားတယ်လို့ သိရပါတယ်။

ဘာလီ ကျွန်းက နွားတွေဟာ တခြားအရပ်က နွားတွေထက် ရောဂါဒဏ် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိလို့ နာမည်ကျော်ကြားပြီး ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့ကြရလို့ နွားကောင်ရေ ထောင်နဲ့ချြီ့ပီး ကျန်ရစ်ခဲ့တယ်လို့ဆိုပါတယ်။

Photo credit: indonesia travel
RFA Burmese
https://www.facebook.com/rfaburmese
မီးတောင် အန္တရယ်ကြောင့် ပြောင်းပြေးရသူ ၁၄၀, ၀၀၀ ကျော်ပြီ မီးတောင် အန္တရယ်ကြောင့် ပြောင်းပြေးရသူ ၁၄၀, ၀၀၀ ကျော်ပြီ Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.