မောင်တောမြောက်ပိုင်းတွင် ပိတ်မိနေသော ရခိုင်တိုင်းရင်းသားများအား ဆက်လက်ကယ်ထုတ်နေရဆဲ

( ကယ်ထုတ်လာရသည့် ရခိုင်လူမျိုးများကိုတွေ့ရစဉ်/ ဓာတ်ပုံ- facebook)
နိရဉ္စရာ၊ စက်တင်ဘာ ၈

မောင်တောမြို့နယ် မြောက်ပိုင်း ရခိုင်တိုင်းရင်းသားကျေးရွာများတွင် ပိတ်မိနေသော ရခိုင်တိုင်းရင်းသား ၂၇၀ ကျော်ကို မော်တော်ဘုတ်ဖြင့် နတ်မြစ်ကို ဖြတ်ကျော်ကာ မောင်တောမြို့ပေါ်သို့ စက်တင်ဘာလ ၇ ရက်နေ့က ကယ်ထုတ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းလူများကို ကယ်ထုတ်ရာတွင် ပါဝင်ခဲ့သူ ၀ံလက်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုညီညီဇော်က “ ကပ်ပကောင်း၊ ရွက်ညိုးတောင်၊ စံပယ်ပင်ရင်း၊ ခြံပြင်၊ သရက်အုပ်စတဲ့ ရွာတွေမှာ ပိတ်မိနေတဲ့ ရွာသားတွေ အထဲက အသက်အရွယ်ကြီးရင့်နေတဲ့သူတွေနဲ့ ကလေးတွေ၊ အမျိုးသမီး ၂၇၀ ကျော်ကို ကယ်ထုတ်ခဲ့ပါတယ်။ နောက်ထပ်လည်း အများကြီး ကျန်နေပါသေးတယ်” ဟု ပြောကြားသည်။

ဝံလက်ဖောင်ဒေးရှင်းမှ ဆန်အိတ်၅၀၊ အလိုတော်ပြည့်ကျောင်းမှ ဆန်အိတ် ၆၀ ၊ မောင်တောမြို့မိမြို့ဖ ဆန်အိတ် ၅၀ အပါအ၀င် ငါးခြောက်၊ ကြက်သွန်၊ အာလူးစသည့် ပစ္စည်းများကို မော်တော်ဘုတ်တစ်စီးဖြင့် ၎င်းကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အပြန်တွင် လုံခြုံရေး အစောင့်အကြပ်များဖြင့် ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က နတ်မြစ်အတိုင်းဘဲ မော်တော်ဘုတ်နဲ့ ကယ်ထုတ်လာပါ။ နတ်မြစ်အတွင်း ရေတပ်က စောင့်ရှောက်ပေးသလို နယ်ခြားစောင့်ရဲကလည်း စပိဘုတ်တွေနဲ့ လုံခြုံရေး ယူပေးထားတော့ လမ်းခရီးမှာ အဆင်ပြေပါတယ်။ ဘာမှတော့ စိုးရိမ်စရာ မရှိပါဘူး” ဟု ကိုညီညီဇော်က ပြောသည်။

၎င်းဒုက္ခသည်များကို ယခု လောလောဆယ်တွင် မောင်တောမြို့ပေါ်ရှိ သာသနာဗိမာန်တွင် နေရာချပေးထားကြောင်း မောင်တောမြို့ပေါ်မှ လူမှုရေး လူပ်ရှားနေသူ ဦးစိန်လှဖြူက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ