ဘာသာခြားများကိုသတ်ရန် ခြိမ်းခြောက်လှုံ.ဆော်သူကို ထောင် ၈ ရက်ပြစ်ဒဏ်ချ


ရန်ကုန် (Myanmar Now)— ယမန်နေ့ညက ရန်ကုန်တိုင်း စမ်းချောင်းမြို.နယ်တွင် အစ္စလာမ်ဘာသာဝင်များကိုသတ်ရန် ခြိမ်းခြောက်လှုံ.ဆော်သူကို မူးယစ်ရမ်းကားမှုနဲ. စမ်းချောင်းမြို.နယ် တရားရုံးမှာ တရားစွဲဆိုပြီး ထောင်ဒဏ် ၈ ရက် အမိန့်ချလိုက်ပါတယ်။

ကျူးလွန်ရာတွင် ပါဝင်သူနှစ်ဦးအနက် ကြည့်မြင်တိုင်ဘူတာတွင် မီးရထားဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူ အောင်သိန်းထွေး အသက် ၂၇ အား ပြည်သူလူထုက ဖမ်းဆီးပြီး စမ်းချောင်းရဲစခန်းကို အပ်နှံခဲ့ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar Now က စမ်းချောင်းရဲစခန်းကို စက်တင်ဘာ ၁၃ ရက်မနက်မှာ သွားရောက်မေးမြန်းရာမှာ တာဝန်ကျအရာရှိ ဒုရဲအုပ် အောင်လပြည့်က အောင်သိန်းထွေးဟာ လူမျိုးရေးဘာသာရေးလှုံ.ဆော်တာမဟုတ်ဘဲ သူ.ခံစားချက်ပေါက်ကွဲသွားခြင်းသာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

အဆိုပါပြန်လွှတ်ပေးသည့်သတင်းကို Myanmar Now က အင်တာနက်တွင်ဖြန့်ချီပြီး နာရီပိုင်းအတွင်း ဒုရဲအုပ်အောင်လပြည့်က ဖုံးဖြင့်ပြန်လည်ဆက်သွယ်လာပြီး သူပြောဆိုခဲ့သည်မှာ စခန်းရှိမှတ်တမ်းကိုကြည့်၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ပြောဆိုချိန်တွင်လည်း စခန်းရှိအချုပ်ခန်းကို သွားမကြည့်မိဘဲပြောဆိုခဲ့ခြင်း၍ အောင်သိန်းထွေးအားပြန်လွှတ်ပေးခဲ့သည်မှာ မှားယွင်း၍ ပြောဆိုမိခြင်းဖြစ်ကြောင်းသူက ဆိုသည်။

အော်ဟစ်လှုံ.ဆော်ရာတွင် အောင်သိန်းထွေးနှင့် အတူလိုက်ပါလာသူ စမ်းချောင်းမြို.နယ် လင်းလွန်းတောင် ရပ်ကွက်မှ မွန်လေးဆိုသူမှာမူ အော်ဟစ်မှုများကိုယ်တိုင်မပြုလုပ်ခဲ့သဖြင့် အရေးယူခံရခြင်းမရှိကြောင်း သိရှိရသည်။ ။

Myanmar Now
https://www.facebook.com/myanmarnownews
ဘာသာခြားများကိုသတ်ရန် ခြိမ်းခြောက်လှုံ.ဆော်သူကို ထောင် ၈ ရက်ပြစ်ဒဏ်ချ ဘာသာခြားများကိုသတ်ရန် ခြိမ်းခြောက်လှုံ.ဆော်သူကို ထောင် ၈ ရက်ပြစ်ဒဏ်ချ Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.