လင်မယားချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ဆိပ်ကမ်းသာ ၂ ရပ်နေအိမ်မှာ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁၂နာရီ ၁၅မိနစ် အချိန်က အိမ်ထောင်ရေးပြဿာနာကြောင့် လင်မယားချင်းစကားများရာကနေ လူသတ်မှုဖြစ်ပွားကြောင်း ရေးမြို့မရဲစခန်းထံမှ သိရပါတယ်။

ခင်ပွန်းဖြစ်သူ ကိုဗိုလ်အောင်ဇင်က ဇနီးဖြစ်သူ မအိအိထွန်းနှင့် အိမ်ထောင်ရေးပြဿာနာစကားများရာမှ ကပ်ကြေးနဲ့  ထိုးစဉ် နေအိမ်အနောက်ဘက်နေ မအိအိထွန်း၏ အဒေါ်တော်စပ်သူ မခင်သန္တာစိုး မှ ဝင်ရောက်ဟန့်တားရာကနေ ကိုဗိုလ်အောင်ဇင်က မခင်သန္တာစိုးအားကပ်ကြေးနဲ့ ထပ်မံလိုက်လံ ထိုးခဲ့ပါတယ်ဟု ရေးမြို့မရဲစခန်းမှတ်တမ်းတွေက ဖေါ်ပြထားပါတယ်။

အခင်းဖြစ်ပွားရာမှာ ဇနီးဖြစ်သူ မအိအိထွန်းမှာ ဝဲနားထင် လည်ပင်း ယာပါးခုံး ကျောကုန်း တင်ပါးဒဏ်ရာများ ထိုးသွင်းဒဏ်ရာပေါင်း ၅ချက်နဲ့ လဲကျသတိမေ့မျောနေပါတယ်။

 မခင်သန္တာစိုးက ပါးရိုး၊ လည်ပင်း၊ ခါး ကျောကုန်း အပါဝင် ထိုးသွင်းဒဏ်ရာပေါင်း ၁၄ ချက် ရ ရှိကာ ရေးမြို့ ဆေးရုံသို့ တင် ပို့ကုသစဉ် မွန်းလွဲ ၁နာရီ ၁၅မိနစ်အချိန်က သေဆုံးပါတယ်။

 မအိအိထွန်းက အတွင်းလူနာဖြစ်ကုသ နေကြောင်းလည်းသိရပါတယ်။

ဖြစ်စဉ်များနဲ့ ပက်သက်ပြီး မအိအိထွန်းရဲ့  ယောင်းမဖြစ်သူ မဇွန်မီမီကို က တိုင်တန်းမှုပြုလုပ်ကာ ရေးမြို့မရဲစခန်းမှ ကိုဗိုလ်အောင်ဇင်အား အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လင်မယားချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား လင်မယားချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.