ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ ကျောင်းဆရာမ တစ်ဦးကပညာသင်ကြားနေတဲ့ ဒုတိယတန်းကျောင်းသား ၊ကျောင်းသူတွေကိုစာမရလို့ဆိုကာ ကျောင်းသားအများရှေ့မှာ ဘောင်းဘီချွတ်ကာတစ်မနက်လုံးမတ်တတ်ရပ်အ ပြစ်ပေး တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရေတာရှည်မြို့နယ် ခရိုင်ပညာရေးမှူး နဲ့အဖွဲ့ဟာ စက်တင်ဘာ(၂၃)ရက်က တွေ့ဆုံမေးမြန်း စစ်ဆေးနေတယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ် အတွင်းက ကူးတို့ဆိပ် မူလတန်းလွန်ကျောင်းမှာ ကျောင်းဆရာမဒေါ်သန္တာဆွေဟာ စက်တင်ဘာ(၂၂)ရက်က အသက်(၇)နှစ်ဝန်းကျင်ရှိ ကျောင်းသား(၃)ဦးနဲ့ မိန်းကလေးကျောင်းသူ(၂)ဦးတို့ကို စာမေးပွဲနီးလာပြီဖြစ်တာ ကြောင့် စာမေးတာမရလို့ ကျန်ကျောင်းသားတွေရှေ့မှာ ဘောင်းဘီချွတ်ခိုင်းကာ တစ်မနက်လုံးမတ်တတ် ရပ်ခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက တွေ့ဆုံမေးမြန်းပြီးတဲ့အခါမှာ စာမရလို့ ကလေးတွေကို အပြစ်ပေးတာပါလို့ ပြောကြားခဲ့ကြောင်းနဲ့ ဆရာမကိုတော့ ခုလောလောဆယ် တိုင်းပညာရေးမှူးရုံးကညွန်ကြားလို့ ခရိုင်ပညာရေးမှူး ဦးဆောင်တဲ့ခုံအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ ရေတာရှည်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်တင်က ပြောပါတယ်။
အဲဒီကျောင်းမှာ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၀)ကျော် ပညာသင်ကြားနေပြီး ဝန်ထမ်းဆရာ၊ဆရာမစုစုပေါင်း (၇) ဦးကပညာသင်ကြားပေး နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ကျောင်းဆရာမတစ်ဦးမှ ဒုတိယတန်းကျောင်းသားများအား ဘောင်းဘီချွတ်အပြစ် ပေးမှုစစ်ဆေးနေ
Reviewed by THITHTOOLWIN
on
01:20
Rating:
