စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦးဝတ်ဆင်ထားသော ဆွဲကြိုးကို လုယက်ထွက်ပြေးသူများ ဖမ်းမိ


ရန်ကုန်၊ စက်တင်ဘာ ၁၈

စီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ မ……သည် စာကျက်ပြီး ပြန်လာစဉ် အမျိုးသားနှစ်ဦးမှနောက်မှ လိုက်လာ ပြီးဝတ်ဆင်ထားသော ဆွဲကြိုးကိုလုယက်ယူကာ အသင့်စောင့်ဆိုင်းနေသော မော်တော်ယာဉ်ဖြင့် ထွက်ပြေးခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် လိုက်လံဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၁၇၁၅ အချိန်တွင် စီးပွားရေး တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူ မ----(၂၀)နှစ်သည် လှိုင်မြို့နယ်(၁၂) ရပ်ကွက်၊ ရွှေဟင်္သာလမ်းအတိုင်း စာကျက်ပြီးပြန်လာစဉ် လှိုင်တက္ကသိုလ် နယ်မြေ ဂန္ဓမာ ဆောင်ရှေ့အနီးအရောက်တွင် အမည်မသိလူငယ်နှစ်ဦးမှ နောက်မှလိုက်လာပြီး ရှေ့သို့ကျော်တက်ကာ မ ----ဝတ်ဆင် ထားသော ဆွဲကြိုးအား လုယက်ဖြတ်ယူခဲ့ကြောင်း၊ မ ….. မှ ပြန်လည်ဆွဲယူခဲ့ သဖြင့် ဆွဲကြိုးပါရှိသွားခြင်းမရှိသော်လည်း တန်ဖိုး ၁၅၀၀၀၀ ကျပ်ရှိ ရွှေဆွဲသီးပါ ဆုံးသွားကြောင်း၊ လုယက်သူနှစ်ဦးမှ အသင့်စောင့်နေသော မော်တော်ယာဉ် 2F --Probox အဖြူရောင်တက္ကစီယာဉ်ပေါ်တက်၍ မောင်းနှင်
ထွက်ပြေးသွားခဲ့ကြောင်း တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်း (ပ) ၈၉၁ /၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

လုယက်မှု ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူ များ မောင်းနှင်ထွက်ပြေး သွားသည့် မော်တော်ယာဉ်နောက်သို့ ခရိုင်အလိုက်လိုက်လံပိတ်ဆို့ ဖမ်းဆီးရန် ညွန်ကြားသဖြင့် ပြစ်မှုကျူးလွန်သူများ မောင်းနှင်ထွက်ပြေးသွား
သည့် မော်တော်ယာဉ်ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ဝန်းအတွင်းရှိ Traffic Control Centre တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းအား ကြည့်ရှု့၍ အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးသောအဖွဲ့မှ လိုက်လံဖမ်းဆီးရာ ည ၂၂၄၅ အချိန်တွင် ကမာရွတ်
မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့်မီးပွိုင့်အနီးတွင် ပြစ်မှုကျူးလွန်သူ လှိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ သံလုံး (ခ) သက်ထွန်းအောင် (၂၉)နှစ်၊ ယာဉ်မောင်း၊ အမှတ် (၇)ရပ်ကွက်နေ ဇင်မျိုး (ခ)ဒဂုံနှင့် မျိုးမင်းဦး (ခ) နှာပိတို့ ၃ ဦးအား အသုံးပြုသည့် 2F ---Probox အဖြူရောင်တက္ကစီ မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများ၏ ဖော်ထုတ်ချက်အရ ကျော်ဇင်လတ်(ခ)ပြားကြီး ဆိုသူမှာ ငွေလိုနေသဖြင့် အသက်အရွယ် ကြီးသူများနှင့် အမျိုးသမီးများထံမှ လုယက်ရန် တိုင်ပင်ခဲ့ကြပြီး အခင်းဖြစ်နေ့ ညနေ ၁၅၃၀ အချိန်တွင် ၄င်းတို့ ၄ ဦးသည်ယာဉ်အမှတ် 2F …Probox အဖြူရောင်တက္ကစီ
ယာဉ်ဖြင့် လှိုင်မြို့နယ် RC2 ကျောင်းဝန်းသို့ရောက်ရှိလာခဲ့ပြီး ဇင်မျိုး(ခ)ဒဂုံနှင့် မျိုးမင်းဦး(ခ)နှာပိတို့မှ လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသော ဆွဲကြိုးကို လုယူ ခဲ့ရာ ရွှေလော့ကတ်သီးရရှိခဲ့ကြောင်း၊ သံလုံး(ခ) သက်ထွန်းအောင် နှင့် ကျော်ဇင်လတ်(ခ) ပြားကြီး တို့နှစ်ဦးမှာ မော်တော်ယာဉ်ဖြင့် အသင့်စောင့်နေပြီး ၄င်းတို့ ၄ ဦး ထွက်ပြေးခဲ့ကြောင်း သိရသည်။

ည ၂၃၃၀ အချိန်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့ သည်ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ကျော်ဇင်လတ် (ခ) ပြားကြီး ၃၀နှစ်အား ၄င်းနေထိုင်သည့် လှိုင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ (၄)ဦး၏ ဖော်ထုတ်ချက်အရ လုယက်ရာတွင် ရရှိခဲ့သည့် သက်သေခံရွှေဆွဲသီး (အလေးချိန်၂ပဲ ၁ရွေး)ကို ရောင်းချထားသည့် လှိုင်မြို့နယ်၊ (၉) ရပ်ကွက်ရှိ ရွှေဆိုင်မှ ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

လုယက်မှုကျူးလွန်သူ ၄ ဦးအား အခြားမှုများကျူးလွန်ခြင်းရှိ/မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခု ကျူးလွန်သည့် လုယက်မှုနှင့်စပ်လျဉ်း၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦးဝတ်ဆင်ထားသော ဆွဲကြိုးကို လုယက်ထွက်ပြေးသူများ ဖမ်းမိ စီးပွားရေးတက္ကသိုလ် ကျောင်းသူတစ်ဦးဝတ်ဆင်ထားသော ဆွဲကြိုးကို လုယက်ထွက်ပြေးသူများ ဖမ်းမိ Reviewed by THITHTOOLWIN on 16:15 Rating: 5
Powered by Blogger.