အုတ်တွင်းမြို့နယ်တွင် ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ရေတာရှည် စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ကြက်သွန်ခင်း(၁)ရပ်ကွက်တွင် စက်တင်ဘာ ၁ဝ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့် ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့၍ မုန့်ဖတ်ခြောက် လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်လုံးနှင့်အလုပ်သမားများနေထိုင်သောအဆာက်အဦးတစ်လုံးမီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရခြင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဖွဲ့မှ မီးသတ်ယာဉ်(၄)စီး၊ ကျွဲပွဲမြို့မှ မီးသတ်ယာဉ်(၂)စီး၊ ညောင်ခြေထောက် မြို့မှ မီးသတ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင်မီးညွှန့်ကျိုးကာ ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့်ဦးမောင်လွင်(၄၂)နှစ်၏ ခြံဝန်းအတွင်းရှိ မုန့်ဖတ်ခြောက် လုပ်ကိုင်သည့် (၂x၄)သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်းနေအိမ်တစ်လုံး၊ ၄ ပင်ပတ်လည် သွပ်မိုး၊ပျဉ်ခင်း၊ အလုပ်သမားများနေထိုင်သည့် အဆောက်အဦးတစ်လုံး၊ ၅x၄ ပင် သွပ်မိုး၊ သွပ်ကာ ဂိုထောင်တစ်လုံး တို့ မီးသင်လောင်ကျွမ်းသွားခဲ့ရပြီး မီးလောင်ကျွမ်းမှုနှင့်ပါတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မုန့်ဖတ် များအား ပန်ကာဖြင့်အပူပေးထားရာမှ ပန်ကာအပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ၍ အုတ်တွင်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အုတ်တွင်းမြို့နယ်တွင် ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား အုတ်တွင်းမြို့နယ်တွင် ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.