၉၃ သဘောတူညီချက်နဲ့သာ ဒုက္ခသည်တွေကို လက်ခံမယ်

ဒုက္ခသည်တွေကိုယ်တိုင် က ပြန်လာချင်တဲ့ သဘောဆန္ဒ ပါမှ လက်ခံမယ်
ရခိုင် ပြည်နယ် က ပဋိပက္ခကြောင့် တဖက် နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် တွေ ပြန်လက်ခံရေး နဲ့ ပတ်သက်လို့ ၁၉၉၃ မှာတုန်း က နစ် နိုင်ငံကြား သဘော တူညီ ချက်နဲ့ပဲ လက်ခံ သွားမယ်လို့ မြန်မာ အစိုးရ ဘက်က တုန့်ပြန်ပါတယ်။

၉၃ ခုနှစ်မှာ နှစ်ဘက် အစိုးရ လက်ခံ ထားတဲ့ အခြေခံမူ လေးချက် ရှိပြီး မြန်မာ နိုင်ငံမှာ နေထိုင်ဖူးတဲ့ လူဖြစ်ရမယ့် အပြင် ဒုက္ခသည်တွေကိုယ်တိုင် က ပြန်လာချင်တဲ့ သဘောဆန္ဒ ပါမှ လက်ခံမယ့် ကိစ္စတွေက အဓိက အချက် အနေနဲ့ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိဘ နှစ်ပါး က မြန်မာ နိုင်ငံမှာ နေထိုင်ဖူးပြီး ဟိုဘက်မှာ မွေးဖွား ခဲ့တယ် ဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က တရားရုံး ရဲ့ ထောက်ခံချက်ပါမှ ပြန်လည် လက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ခါ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ကုလသမဂ္ဂ မှာ တောင်းဆို ထားတဲ့ မွတ်ဆလင် တွေကို အကာအကွယ် ပေးရေး အန္တရာယ် ကင်းဇုန် တောင်းဆို ချက်ကိုလည်း မြန်မာ ဘက်က ကန့်ကွက်မယ်လို့ ပြောပါတယ်။

ရခိုင် ပြည်နယ် က အခြေအနေတွေကြောင့် နိုင်ငံတကာရဲ့ ဖိအားတွေလည်း ရှိနေပြီး အောက်တိုဘာလမှာ သွားဖို့ စီစဉ်ထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ဥရောပ ခရီးစဉ် တွေကိုလည်း ပြန်လည် သုံးသပ် ဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် က ပြောကြား ပါတယ်။

BBC Burmese
http://www.bbc.com/burmese
၉၃ သဘောတူညီချက်နဲ့သာ ဒုက္ခသည်တွေကို လက်ခံမယ် ၉၃ သဘောတူညီချက်နဲ့သာ ဒုက္ခသည်တွေကို လက်ခံမယ် Reviewed by THITHTOOLWIN on 08:17 Rating: 5
Powered by Blogger.