မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌ လက်နက်ငယ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား


နေပြည်တော် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မန်ဟောင်လွယ်ကျေးရွာနေ မောင်ထွန်းအောင်သည် စက်တင်ဘာ ၂၅ ရက် ည ၆ နာရီခန့်တွင် အစ်ကိုဖြစ်သူနေထိုင်သည့် နမ့်ဆန်ဂိုဒေါင်ကျေးရွာသို့ လမ်းလျှောက်သွားရောက်စဉ် အဆိုပါကျေးရွာသုသာန်အနီးသို့အရောက်၌ အမည်မသိလူတစ်ဦးက လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးခေါင်း ချိုစောင်းသို့ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ငယ်ထိမှန်လူနာအား မူဆယ်မြို့ရှိ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူစေလျက်ရှိပြီး အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းကနယ်မြေရှင်းလင်းခြင်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌ လက်နက်ငယ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား မူဆယ်မြို့နယ်၊ နမ့်ဆန်ဂိုဒေါင်ကျေးရွာ၌ လက်နက်ငယ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.