ပါကစ္စတန်ဟာ အန္တရာယ်လူတွေ ထုတ်လုပ်တင်ပို့တဲ့ စက်ရုံလို့ အိန္ဒိယပြော


ပါကစ္စတန်ဟာ အန္တရာယ်ကြီးတဲ့ လူတွေထုတ်လုပ်ပြီး ပြည်ပတင်ပို့ရာမှာ အလွန်တရာ အောင်မြင်တဲ့ စက်ရုံတစ်ရုံပါပဲလို့ အိန္ဒိယအစိုးရက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆွာရတ်ခ်ျက ပြောဆိုခဲ့တာပါ။

အိန္ဒိယဟာ လွတ်လပ်ရေးရပြီးတည်းက နိုင်ငံကို အဘက်ဘက်က တိုးတက်အောင် ကြိုးပမ်းခဲ့ရာမှာ ဒီနေ့ အိန္ဒိယဟာ ကမ္ဘာ့အိုင်တီ နည်းပညာ စူပါပါဝါအဖြစ် အသိအမှတ်ပြုခံနေရပြီး ပါကစ္စတန်ကတော့ အန္တရာယ်ကောင်တွေ ထုတ်လုပ်တင်ပို့နေတဲ့ စက်ရုံအဖြစ် အသိအမှတ်ပြုခံနေရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲလို့ ဆွာရတ်ခ်ျက မေးခွန်းထုတ်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပါကစ္စတန်ဟာ အန္တရာယ်လူတွေ ထုတ်လုပ်တင်ပို့တဲ့ စက်ရုံလို့ အိန္ဒိယပြော ပါကစ္စတန်ဟာ အန္တရာယ်လူတွေ ထုတ်လုပ်တင်ပို့တဲ့ စက်ရုံလို့ အိန္ဒိယပြော Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.