![]() |
ပါလက်စတိုင်း ခေါင်းဆောင် Mahmoud Abbas |
ဂျူးအခြေချ အိမ်ယာတွေ ဆက်လက် ဆောက်လုပ်နေမှုကို မစ္စတာ အာဘတ်စ် က ခါးခါးသီးသီး ပြစ်တင် ပြောဆိုခဲ့ပြီး နှစ်ပြည်ထောင် အတူယှဉ်တွဲ နေထိုင်ရေး စာချုပ် အကောင်အထည် ပေါ်လာဖို့ ဆိုတာလည်း ဖြစ်နိုင်ချေ သိတ်နည်းသွားပြီလို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။
ပါလက်စတိုင်း နိုင်ငံသားတွေဟာ လူမျိုးရေး ခွဲခြားတဲ့ စနစ်အောက်မှာ နေထိုင်ရမလို ဖြစ်နေတယ်လို့ မစ္စတာ အာဘတ်စ်က ပြောပါတယ်။
အစောပိုင်းတုန်းက မစ္စတာ အာဘတ်စ် ဟာ အမေရိကန် သမ္မတ ထရမ့် နဲ့ တွေ့ဆုံခဲ့ပြီး သူ့အကြံပေးတွေက အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး အတွက် ကြားဝင် ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မစ္စတာထရမ့်က ပြောခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
လူမျိုးရေး ခွဲခြားမှုအောက်မှာ ပါလက်စတိုင်းတွေ နေထိုင်နေရ
Reviewed by THITHTOOLWIN
on
10:28
Rating:
