မာရဝီ စစ်သွေးကြွ တွေရဲ့ ကွပ်ကဲရေး စခန်းကို သိမ်းပိုက်နိုင်


ဖိလစ်ပိုင် နိုင်ငံ မာရာဝီ မြို့က အစ္စလာမ်မစ် စစ်သွေးကြွတွေ ရဲ့ အမိန့်ပေး ကွပ်ကဲရေး စခန်း ကို သိမ်းပိုက် နိုင်ခဲ့ပြီလို့ ဖိလစ်ပိုင် စစ်တပ် တာဝန် ရှိသူ က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ လ ကတည်း က မာရာဝီ မြို့ ကို အစ္စလာမ်မစ် စစ်သွေးကြွ တွေ က သိမ်းပိုက် ထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် စစ်တပ် က လေကြောင်း ပစ်ကူ နဲ့ အဲဒီ မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ အပြင်းအထန် တိုက်ခိုက်နေတာပါ။

အစ္စလာမ်မစ် စစ်သွေးကြွတွေက အမိန့်ပေး ကွပ်ကဲရေး စခန်း အဖြစ် အသုံးချ နေတဲ့ ရှေးဟောင်း ဘာတို ဗလီ ကြီး ကို သိမ်းပိုက် နိုင်ခဲ့တာက စစ်ရေး အသာရမှု လို့ ဖိလစ်ပိုင် စစ်တပ် အကြီးအကဲ က ပြော ပါတယ်။

ဒါပေမယ့် စစ်သွေးကြွ တွေရဲ့ အပြင်းအထန် ခုခံ မှု ကို ကြုံတွေ့ ရနိုင်တဲ့ အတွက် ရှေ့လျှောက် တိုက်ပွဲတွေ ပြင်းထန် လာဖို့ ရှိတယ် လို့လည်း ဖိလစ်ပိုင် စစ်တပ် အကြီးအကဲ က သတိပေး ပြောကြား သွားပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
မာရဝီ စစ်သွေးကြွ တွေရဲ့ ကွပ်ကဲရေး စခန်းကို သိမ်းပိုက်နိုင် မာရဝီ စစ်သွေးကြွ တွေရဲ့ ကွပ်ကဲရေး စခန်းကို သိမ်းပိုက်နိုင် Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.