ရိုဟင်ဂျာအရေးကို အသုံးချပြီး အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်အဖွဲ့က မလေးရှားနိုင်ငံသား လူငယ်တွေကို စည်းရုံးလူစုနေတယ်လို့ မလေးရှားအစိုးရ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ အကြီးအကဲတဦးဖြစ်သူ အယွတ်ခန် မိုင်ဒင်ပီချေးက ပြောကြားလိုက်ပါတယ်။
မလက္ကာပြည်နယ်မှာ ကျင်းပခဲ့တဲ့ ISIS အန္တရာယ်အရေး လူငယ်တွေ သိနားလည်ရေး ဆွေးနွေးပွဲအပြီးမှာ သူက မြန်မာနိုင်ငံဟာ ဆီးရီးယားတို့ ဖိလစ်ပိုင်တောင်ပိုင်းတို့နဲ့စာရင် မလေးရှားနဲ့ ပိုမိုနီးကပ်တာကြောင့် အိုင်အက်စ်အဖွဲ့က အကြမ်းဖက် ဂျီဟတ်စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို ပစ်မှတ်ထားနေတယ်လို့ ပြောသွားပါတယ်။
မလေးရှားနိုင်ငံသားတဦးကို အိုင်အက်စ်အဖွဲ့ အလံတွေ စာရွက်စာတမ်းတွေ ဖြန့်ချီမှုနဲ့ မလက္ကာပြည်နယ်မှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်၊ အဲဒီလူဟာ ဖိလစ်ပိုင်နဲ့ ရခိုင်ပြည်နယ်က အဆက်အသွယ်တွေကို သွားရောက်ပူးပေါင်းဖို့ ကြံစည်နေတယ်လို့ အထူးတပ်ဖွဲ့ အကြီးအကဲက သတင်းမီဒီယာတွေကို ပြောပါတယ်။
အလားတူပဲ အင်ဒိုနီးရှားနိုင်ငံမှာလည်း အကြမ်းဖက်အဖွဲ့တွေက ရိုဟင်ဂျာကိစ္စအသုံးချပြီး လူသစ်တွေစုဆောင်းနေတယ်လို့ ပြောသွားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အိုင်အက်စ်အဖွဲ့က ရိုဟင်ဂျာအရေးကို အသုံးချပြီး လူငယ်တွေကို စည်းရုံး
Reviewed by THITHTOOLWIN
on
08:06
Rating:
