ရမ်းဗြဲတွင် ဖမ်းမိသော ဘင်္ဂလီ ၂၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်


နိရဉ္စရာ၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မင်းကြောင်း တံတားဘေး ချောင်းကမ်းစပ်၌ ဖမ်းမိသော ဘင်္ဂလီ လူမျိုး ၂၉ ဦးအနက် ၂၇ ဦးကို ရမ်းဗြဲမြို့နယ်တရားရုံးမှ စက်တင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ် စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က မင်းကြောင်း တံတားဘေး ချောင်းကမ်းစပ်၌ ဖမ်းဆီးရမိသာ ဘင်္ဂါလီ ကျား ၁၇ ဦး၊ မ ၁၂ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးမှ အပ ကျန် ၂၇ ဦးကို ထောင် ၂နှစ်စီ ရမ်းဗြဲမြို့နယ်တရားရုံးမှ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ပြစ်ဒဏ်ချမှတ်မခံရသည့် အသက်မပြည့်သေးသော မိန်းခလေးနှစ်ဦးမှာ မဘီဘီအာရှာ(၅)နှစ် (ဘ)နော်ဘီဟူ ဆောင်း သက္ကေပြင်ကျေးရွာ၊ စစ်တွေမြို့နှင့် မရာဆမိန်နာ (၉)နှစ် (ဘ)နော်ကိုရီ အောက်ပိုက်သည်ကျေးရွာ၊ ကျောက်တော်မြို့နယ်တို့(၂)ဦး တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးအား မိဘဆွေမျိုးများထံ သွားရောက်အပ်နှံသွားမည်ဖြစ်ကြောင်း ရမ်းဗြဲရဲစခန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ အချိန် ရမ်းဗြဲမြို့နယ် မင်းကြောင်း တံတား ဘေး ချောင်းကမ်းစပ်၌ ဘင်္ဂါလီလူမျိုးများအား စက်လှေဖြင့် သယ်ဆောင် လာကြောင်း သတင်းအရ၍ ရမ်းဗြဲရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ စက်လှေတစ်စီးကို တွေ့ရှိခဲ့သည်။

စက်လှေပေါ်ပါ ဘင်္ဂါလီလူမျိုးများမှ ကမ်းပေါ်သို့ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းဖြင့် ရန်ကုန်မြို့တွင် အလုပ်ရမည်ဟု လိမ်လည် ခေါ်ဆောင်လာသူ စက်လှေလုပ်သား မောင်ငယ်(ခ)ကျော်မြင့်သိန်း(၁၉)နှစ် ရခိုင်(ဘ) ဦးမောင်သိန်းရွှေ ဆင်တက်မော်ရွာ၊ ပေါက်တောမြို့နယ်နှင့် စက်လှေ လုပ်သား မောင်ငယ် တို့အားလည်း ဖမ်းဆီးခဲ့သည်။

စက်မောင်း ချိုချိုမောင်မှာ စက်လှေဖြင့်ထွက်ပြေးသွားခဲ့သည်။

စက်လှေနှင့် အတူ လိုက်ပါလာသူ ၂၇ ဦးအား ထောင် ၂ နှစ် ချမှတ်လိုက်ပြီး ခေါ်ဆောင်လာသူများအား ရမ်းဗြဲ မြို့မရဲစခန်း(ပ)၁၂၉/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ (ကျွန်ပြုရန်လူခိုးသွေးဆောင်မှု) ဖြင့် အမှု ဖွင့် ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း (ကျောက်ဖြူ )
Narinjara
https://www.facebook.com/Narinjara
ရမ်းဗြဲတွင် ဖမ်းမိသော ဘင်္ဂလီ ၂၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ် ရမ်းဗြဲတွင် ဖမ်းမိသော ဘင်္ဂလီ ၂၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ် Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.