မြိတ်မြို့တွင် ငွေကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


၁၅-၉-၂၀၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ သဘွတ်ကျေးရွာအုပ်စု၊ ပရည်တောင်ကျေးရွာရှိ နေအိမ်အတွင်းမှ (၁၅-၉-၂၀၁၇)ရက်နေ့ (၀၆၀၀) အချိန်​က ကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်ခရိုင်မှုခင်းအကူအဖွဲ့မှ ရဲအုပ် ခင်မောင်အေးနှင့် အဖွဲ့သည် ရဲမေရဲတပ်သားတို့နှင့်အတူ သဘွတ်ကျေးရွာအုပ်စု၊ ပရည်တောင်ကျေးရွာနေ အောင်မင်းဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေကြောင်းသတင်းအရ သွားရောက်ရှာဖွေဖမ်းဆီးရာ အောင်မင်းဦး(၂၄)နှစ်(ဘ)ဦးမျိုး​အောင်​မှာ နေအိမ်တွင်မတွေ့ရှိရပဲ ရှောင်တိမ်း နေသည်ကိုတွေ့ရှိရကာ ၄င်း၏ အစ်မဖြစ်သူ မဝေမာလွင် (၂၆)နှစ်(ဘ) ဦးမျိုး​အောင်​ အား နေအိမ်ဧည့်ခန်းတွင်တွေ့ရှိရပြီး နေအိမ်အားရှာဖွေရာ အောင်မင်းဦး အိပ်သော နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်အလယ် အောက်ကြမ်းပြင် ပေါ်မှ အမည်းရောင်ပလတ်စတစ် အိတ်အား အကြည်ရောင်တိတ်များ ဖြင့် ပတ်ထားသော WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄၀,၀၀၀) ပြားပါတစ်ထုပ်၊(၃,၀၀၀)ပြားပါ တစ်ထုပ်နှင့် ဆက်စပ် ပစ္စည်းများအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။


ဆက်လက်၍ ၄င်း၏နေအိမ်အား ရှာဖွေရာ နေအိမ်နောက်ဖေခန်း သစ်သားဘီရိုပေါ်တွင် တင်ထားသော အဖြူရောင်ဓာတ်ဗူးခွံအတွင်းမှ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၈)ပြား၊ ၄င်း၏ နေအိမ်ဧည့်ခန်းတွင်ရှိသော အဝတ်ဘီရိုထဲမှ မြန်မာငွေကျပ် (၂,၈၁၀,၀၀၀)အားနှင့် အိမ်ထောင်စုတစ်ခုတို့အား ရှာဖွေတွေ့ရှိရသဖြင့် မဝေမာလွင်အား မေးမြန်းရာ ၄င်းနှင့်အတူ မောင်ဖြစ်သူ အောင်မင်းဦးနှင့်ပူးပေါင်း၍ ရောင်းဝယ်သုံးစွဲသော မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရှိရကြောင်းသိရသည်။

ဆက်လက်၍ အောင်မင်းဦးအား မြိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံစုံစမ်း ရှာဖွေဖမ်းဆီးရာယနေ့(၁၀၃၀)အချိန်တွင် အောင်မင်းဦးအား မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ်၊ ဂေါက်ကွင်းလမ်းဆုံတွင် ဖမ်းဆီးရမိပြီး ၄င်း၏ ခန္ဓာကိုယ်အားရှာဖွေရာ i phone အမျိုးအစား ပန်းရောင်ဖုန်းတစ်လုံးအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ရှာဖွေသိမ်းဆည်းရမိသော စုစုပေါင်း WY စိတ်ကြွရူးသွပ်ဆေးပြား (၄၃,ဝ၅၈) ပြား၊ တန်ဖိုးငွေကျပ် (၂၁၅,၂၉၀,၀၀၀)ကျပ်နှင့် သိမ်းဆည်းရမိငွေသား စုစုပေါင်း (၂,၈၁၀,၀၀၀)ကျပ်နှင့် i phone တစ်လုံးတို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိ ရောင်းချသုံးစွဲသူ မဝေမာလွင်နှင့်အောင်မင်းဦးတို့အား မယ(ပ)၁၅၃/ ၂၀၁၇၊ မူး/စိတ်​ပုဒ်​မ ၁၅/၁၉(က)/၂၀(က)/ ၂၁ အရအမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြိတ်​ခရိုင်​သတင်းနှင့်​မှုခင်းမီဒီယာ
မြိတ်မြို့တွင် ငွေကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ  မြိတ်မြို့တွင် ငွေကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.