ကျောက်တော်မြို့တွင် ကောလဟာလ သတင်းများ ကြောင့် ဈေးဆိုင်(၄၀၀)ကျော် ပိတ်​ထား


ရခိုင်ဂေဇက်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင်​ စက်တင်ဘာ (၁၁)ရက် နေ့၌ ကာလဟာလ သတင်းများကြောင့် မြို့မဈေးအတွင်း ဈေးဆိုင်(၄၀၀) ကျော်မှာ ပိတ်​ထားခဲ့ကြောင်း သိရသည်။

`​ဈေးဆိုင်​ အများစုတော့ပိတ်ထားပါတယ်။ ကြောက်လို့တော့မဟုတ်ပါဘူး။ ကောလဟာလ သတင်း တွေထွက်ပေါ်နေတာကြောင့်ပါ။ ဈေးဝယ်သူတွေလည်း နည်းတယ်။ အဲ့ဒီဟာလည်းပါပါတယ်"ဟု ကျောက်တော် ဈေးကော်မတီ ဥက္ကဌ ဦးမောင်ထွန်းခင်မှ ရခိုင်ဂေဇက်သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ကောလဟာလသတင်းများကြောင့် ပြည်နယ်အနှံ့ လူများစိုးရိမ်မှုများ၍ ကျောက်တော်ဈေး တွင် ဈေးဝယ်သူမရှိသလောက်နည်းပါးကာ ယ​နေ့​ရောင်းချသည့်ဆိုင် (၁၀)ကျော် ခန့်မှာလည်း ဝယ်ယူသူ နည်းပါးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စက်တင်ဘာ (၁၁)ရက်နေ့တွင် သတိထားရမည်ဖြစ်သည့် သတင်းများ (social media) နှင့် လူမှုနယ်ပယ်တွင်ပြန့်နှံ့နေသောကြောင့် လူအများ စိုးရိမ်စိတ်များရှိ​နေခဲ့​ကြောင်း​သိရပြီး ကျောက်တော်၊ စစ်တွေအပါအဝင် အခြားသော မြို့များတွင် လည်း လုံခြုံရေးများတိုးမြှင့်ချထားကြကြောင်း သိရသည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ကျောက်တော်မြို့တွင် ကောလဟာလ သတင်းများ ကြောင့် ဈေးဆိုင်(၄၀၀)ကျော် ပိတ်​ထား ကျောက်တော်မြို့တွင် ကောလဟာလ သတင်းများ ကြောင့် ဈေးဆိုင်(၄၀၀)ကျော် ပိတ်​ထား Reviewed by THITHTOOLWIN on 07:41 Rating: 5
Powered by Blogger.