မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ၁၂ဘီးယာဉ်မှ ယာဉ် ၂ စီးအားဆင့်ကဲတိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု တစ်နေ့တည်း ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးလူ ၃ ဦးသေဆုံးခဲ့


မြ၀တီ စက်တင်ဘာ ၂၀

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး၊ နတ်စင်ကွေ့အနီးတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ၁၂ ဘီးယာဉ်မှ ယာဉ် ၂ စီးအားဆင့်ကဲတိုက်မှုဖြစ်ပွားခြင်း နှင့် ယာဉ်တိမ်းမှောက်မှုတစ်နေ့တည်း၂ ကြိမ်ဖြစ်ပွားခဲ့ပြီးလူ ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က မြ၀တီမှ ကော့ကရိတ်သို့ လူ ၄ ဦးလိုက်ပါကာပဲခူးတိုင်းဒေသကြီးနေယာဉ်မောင်းမင်းအောင် မောင်းနှင်သည့် 6E/----၁၂ ဘီးအပြာရောင်ယာဉ်သည် အာရှလမ်းမကြီးရှိနတ်စင်ကွေ့အနီးကီလိုမီတာအမှတ် ၁၅၃ နှင့် ၁၅၄ အကြားအရောက်တွင် ဘရိတ်ပေါက်ကာအရှိန်မထိန်းနိုင်ဘဲလားရာတူအရှေ့မှ မောင်းနှင်လာသောယာဉ်မောင်းအမည်/နေရပ်စုံစမ်းဆဲမောင်းနှင်လာသည့် ဆ/၈၃၅၃ ဖောကား(၀ါ)ယာဉ်၏ ၀ဲဘက်တံခါးအား ၀င်ရောက်တိုက်မိပြီး ဆက်လက်၍ လားရာတူအရှေ့မှ ကော့ကရိတ်မြို့နေသူ ယာဉ်မောင်းစောကြည်လင်း (၄၈နှစ်)မောင်းနှင်လာသည့် 2K/-----ပရိုဘောက်အဖြူရောင်ယာဉ် အားနောက်မှထပ်မံတိုက်မိ ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ၁၂ ဘီးယဉ်မှ ယာဉ် ၂ စီးအားဆက်တိုက် တိုက်မှုဖြစ်ပွားခဲ့ရာအဆိုပါ ၁၂ ဘီးယာဉ်နှင့် ပရိုဘောက်ယာဉ် ၂ စီးတို့မှာလမ်း၏ယာဘက်ဘေးပေ ၂၀ ခန့် အနက်ရှိချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁၂ ဘီးယာဉ်ပေါ်ပါ ကျား ၅ ဦးအနက် ပဲခူးတိုင်းဒေသကြီးနေယာဉ်မောင်းမင်းအောင်၊ မင်းမင်း(၃၃နှစ်ခန့်) နှင့် အမည်/နေရပ်လိပ်စာစုံစမ်းဆဲ၁ဦးတို့မှာသေဆုံးခဲ့ပြီးကျန် ၂ ဦးဖြစ်သည့် သထုံမြို့နေအောင်ကို(၃၂နှစ်)က ၀ဲဂျိုဆောင်းထိပ် ပေါက်ပြဲ၊ ယာတံတောင်ဆစ်ပြတ်ရှ၊ယာနဖူးပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း၊ ကော့ကရိတ်မြို့နေ မြင့်ခိုင်(၂၁နှစ်)က မေးစေ့ပေါက်ပြဲ၊ ၀ဲတံတောင် ဆစ် ပေါက်ပြဲ၊ ယာခြေထောက်နာကျင်၊ ယာဒူးပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ဖြင့်လည်းကောင်းဒဏ်ရာများရရှိခဲ့သည့်အတွက် ကော့ကရိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသည်။

ထိုအတူပရိုဘောက်(အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းစောကြည်လင်း၊ ဇနီးဖြစ်သူဒေါ်မိုးစန်းဦး(၄၅နှစ်) သားဖြစ်သူ မြတ်ကျော်ဟိန်း(၈နှစ်)တို့မှာအခင်းဖြစ်နေရာမှ ဒဏ်ရာများရရှိခဲ့သည့်အတွက် မြ၀တီဆေးရုံကြီးသို့ ဆေးရုံတက်ရောက် ကုသလျက်ရှိသည်။ ထို့ကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီးရှေ့မှ ယာဉ်များအား ၀င်ရောက်တိုက်မိကာ ယာဉ်တိမ်းမှောက်ပြီးလူများသေဆုံးဒဏ်ရာရရှိစေသူယာဉ်မောင်း
မင်းအောင်အားကော့ကရိတ် မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အလားတူ ည ၁၀နာရီခွဲခန့်က အဆိုပါ နတ်စင်ကွေ့အနီးကီလိုမီတာအမှတ် ၁၄၄ နှင့် ၁၄၅ အကြားနေရာတွင်ပင် မြ၀တီ မှ ကော့ကရိတ်ဘက်သို့ အကောက်ခွန်မဲ့ စားအအုန်းဆီနှင့် အချိုရည်ကဒ်များတင်ဆောင်ပြီးအမည်/နေရပ်လိပ်စာစုံစမ်းဆဲ ယာဉ်မောင်းမောင်းနှင်လာသည့် 7G/----- Mitsubishi Fuso ၁၂ဘီး အပြာရောင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲလမ်း၏ယာဘက်ခြမ်းတွင် ဘေးတစ်စောင်းလဲတိမ်းမှောက်ခဲ့ပြီးယာဉ်၏ဦးခေါင်းပိုင်းနှင့် ဘော်ဒီများပိန့်ချုင့်ပျက်ဆီးသွားခဲ့ရာစုစုပေါင်းဆုံးရှုံးမှု တန်ဖိုးမှာသိန်း ၅၀ ကျပ်ခန့်ဖြစ်ကြောင်းသိရသည်။ အဆိုပါယာဉ်မှ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးကော့ကရိတ်မြို့မ ရဲစခန်းက အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 ထိန်လင်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ၁၂ဘီးယာဉ်မှ ယာဉ် ၂ စီးအားဆင့်ကဲတိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု တစ်နေ့တည်း ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးလူ ၃ ဦးသေဆုံးခဲ့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ၁၂ဘီးယာဉ်မှ ယာဉ် ၂ စီးအားဆင့်ကဲတိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှု တစ်နေ့တည်း ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးလူ ၃ ဦးသေဆုံးခဲ့ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.