မင်းပြားမြို့နယ်အတွင်း မိုင်းသုံးလုံးပေါက်ကွဲ၊ တရားခံကိုစုံစမ်းနေ


မင်းပြား၊ စက်တင်ဘာ ၂၀

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၈ နာရီခန့်အချိန်က မင်းပြားမြို့နယ်အတွင်း မိုင်းသုံးလုံးခန့်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုင်ဒဏ်ရရှိသူမရှိကြောင်း မင်းပြားမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကမ်းဆိပ်ကျေးရွာနှင့် ဆပ်ကျာကျေးရွာကြား ရန်ကုန် - စစ်တွေကားလမ်းဘေး တစ်ဖက်တစ်ချက်စီ၌ ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း ခရီးတင်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတို့၏ မှန်များကိုထိမှန်ခဲ့ကြောင်း မင်းပြားမြို့မရဲစခန်းမှ ရဲအုပ်ညီညီက ပြောသည်။

“ မနေ့က ၇ နာရီ ၄၅ နဲ့ ၈ နာရီခန့်မှာဖြစ်တာ။ လူတွေကတော့ ထိခိုက်ဒဏ်ရာမရှိပါဘူး။ အဲဒီမှာတော့ ဘောစေ့တွေတွေ့ရတယ်။ မှိုင်းလို့တော့ပြောလို့ရတာပေါ့။ အခုတော့ ကျွန်တော်တို့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်က ဆက်လက်စုံစမ်းနေတယ်။ ” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပြီး အမှုပေါ်ပေါက်နိုင်ရေးအတွက် ဆက်လက်စုံစမ်း မှုများပြုလုပ်လျှက်ရှိကြောင်း ရဲအုပ်ညီညီက ပြောသည်။

မောင်ဇော်ခိုင်၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
မင်းပြားမြို့နယ်အတွင်း မိုင်းသုံးလုံးပေါက်ကွဲ၊ တရားခံကိုစုံစမ်းနေ မင်းပြားမြို့နယ်အတွင်း မိုင်းသုံးလုံးပေါက်ကွဲ၊ တရားခံကိုစုံစမ်းနေ Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.