ဝက်သားဖိုး အပြည့်မရ၍ လူသတ်မှုဖြစ်ပွား


ပဲခူး စက်တင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းသို့ ရုံးချောင်း အုပ်စု ရွှေကုက္ကိုရွာမှမဝင်းဝင်းအေး (၄၁နှစ်)သည် မိမိ၏ခင်ပွန်း သေ ဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင် တန်းခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ မှူးသိန်းဆွေက အနီးကပ်ကြီးကြပ် မှုဖြင့် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူး သိန်းဇော်လှိုင်ဦးဆောင်ကာအလယ် ကုန်းစခန်းမှူးရဲအုပ် စိုးကျော်နှင့် နယ်ထိန်းအဖွဲ့သည်အခင်းဖြစ်ရာသို့ သွားရောက်ကာစုံစမ်း၍ ကျူးလွန် သူအား အချိန်နှင့်တစ်ပြေးညီ ဖမ်း ဆီးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 ဖြစ်စဉ်မှာ စက်တင်ဘာလ ၈ ရက် နံနက် ၁ဝနာရီက ကြို့ပင်ကောက်မြို့နယ် အမှတ်(၁)ဘော်ပင်ဆည်ရုံးချောင်း အုပ်စု ရွှေကုက္ကိုရွာနေ ဦးစိုးမြင့် (၅၁နှစ်)သည် တစ်ရွာတည်းနေ ကို စောရွှေထံသို့ ဝက်သားဖိုး ကျပ် ၅ဝဝဝ ပေးစရာရှိသည်ကို ကျပ် ၃ဝဝဝ ပေးမိခဲ့သဖြင့် မကျေနပ်၍ ''ဝက်သားဖိုး ကျပ် ၅ဝဝဝ ပေးရ မှာကို မင်းက ၃ဝဝဝ ပဲပေးတာ ဘာလူပါးဝတာလဲ''ဟု ရုတ်တရက် ဒေါသအလျောက် မဆင်မခြင် ဝါး ခုတ်ဓားမဖြင့် လေးချက်ခုတ်လိုက် ရာ ကျူးလွန်ခံရသူ ဦးစိုးမြင့်သည် ဒဏ်ရာများဖြင့် ရွာတာလမ်းမ ပေါ်တွင် သေဆုံးသွားခဲ့သည်။

ထိုသို့ဖြစ်ခဲ့ခြင်းကြောင့် ပြစ်မှု ကျူးလွန်သူ ကြို့ပင်ကောက် မြို့ နယ်အမှတ်(၁)ဘော်ဘင်ဆည် ရုံး ချောင်းအုပ်စု ရွှေကုက္ကိုရွာနေ စော ရွှေ(၅၅နှစ်)ဆိုသူအား အလယ် ကုန်း နယ်မြေရဲစခန်းတွင်(ပ) ၂၆၉/၂ဝ၁၇ပုဒ်မ ၃ဝ၂အရအမှုဖွင့် ကာ အမှုဖြင့်ကျူးလွန်သူအားဖမ်း ဆီးပြီးအမှုစစ်မှလိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

လေချွန်နတ်(ရွှေကြို့မြေ)
The Union Daily
https://www.facebook.com/uniondaily.net/
ဝက်သားဖိုး အပြည့်မရ၍ လူသတ်မှုဖြစ်ပွား ဝက်သားဖိုး အပြည့်မရ၍ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.