တောင်ကုတ်မှ ရန်ကုန်သွား ရဲအောင်လံကား ချောက်ထဲထိုးကျ

(ချောက်ထဲထိုးကျကားပေါ်တွင် ပါသွားသူများကို ကယ်တင်ရန်ကြိုးစားနေကြစဉ်၊ ဓာတ်ပုံ- မျိုးရခိုင်ပို့စ်)
နိရဉ္စရာ၊ စက်တင်ဘာ ၁၈

တောင်ကုတ်မှ ရန်ကုန်သွား ရဲအောင်လံ အမြန်ယာဉ်ကားသည် စက်တင်ဘာလ ၁၈ရက်နေ့ ည ၁၀ နာရီခန့်က တောင်ကုတ် ရိုးလမ်းပေါ်တွင် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ကားထိုးကျရာနေရာသို့ သွားရောက်နေသူ ကိုပြည့်သဲမောင်(ပြည်) အား နိရဉ္စရာမှ ညဥ့် ၁၁ နာရီ ၁၅ မိနစ်က ဆက်သွယ်မေးမြန်းရာ ကားချောက်ထဲသို့ ထိုးကျသွားသည်မှာ မှန်ကန်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့နယ် ညောင်ဂျိုး လေးအိမ်စု အနီးတွင် ချောက်ထဲထိုးကျသွားခြင်း ဖြစ်ကြောင်း၊ ထိခိုက် သေဆုံးမှု ရှိ/ မရှိကို မသိ ရသေးကြောင်း ပြောကြားသည်။

ယာဉ်ပေါ်တွင် ခရီးသည် ၄၀ ခန့်ပါရှိကြောင်းနှင့် ခန့်မှန်းခြေ ပေ (၁၅၀ ) အမြင့်မှ ချောက်ထဲသို့ ထိုးကျသွားကြောင်း သူက ဆက်လက် ပြောကြားသည်။

ကိုဇေယျကျော်၏ ပို့စ်တွင် တောင်ကုတ်ရန်ကုန်သို့သွား ရဲအောင်လံအမြန်ယာဉ် တောင်ကုတ်တောင်ကြားလမ်း၊ ပန်းကန်ကွဲရွာအနီးချောက်ထဲကျသွားခဲ့ကြောင်း၊ ကားအမှတ် ၆က/၄၃၂၃ ဖြစ်ပြီး ဒရိုင်ဘာ ဦးဘိုမောင်ကြီး ဖြစ်ကြောင်း၊ လောလောဆယ် ရရှိသောသတင်းအရ သုံးဦးသေဆုံးကြောင်း ဖော်ပြထားသည်။

တောင်ကုတ်ရဲစခန်းသို့ နိရဉ္စရာမှ ဆက်သွယ်ရာ သူတို့ သတင်းမရသေးကြောင်း၊ သတင်းရရှိပါက ပြောကြားပေးမည် ဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
တောင်ကုတ်မှ ရန်ကုန်သွား ရဲအောင်လံကား ချောက်ထဲထိုးကျ တောင်ကုတ်မှ ရန်ကုန်သွား ရဲအောင်လံကား ချောက်ထဲထိုးကျ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.