ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကနေ အစ္စလမ်ဘာသာကို ပုတ်ခတ်တိုက်ခိုက်တဲ့အတွက်ဆိုပြီး ဗုဒ္ဓဘာသာရဟန်းတပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။
အရှင် အပီချတ်ဟာ အွန်လိုင်းမီးဒီယာကနေ ဗီဒီယိုတွေ ဖေါ်ပြခဲ့တဲ့အတွက် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က အင်္ဂါနေ့က ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဘာအကြောင်းအရာတွေဆိုတာတော့ အသေးစိတ် မပြောသွားပါဘူး။
အဲဒီကိုယ်တော်ကို မနေ့ညက လူဝတ်လဲပေးခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ရေးသားဖေါ်ပြထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အစ္စလမ်ဘာသာ ဆန့်ကျင် ပုတ်ခတ်လို့ ထိုင်းရဟန်းတစ်ပါး အဖမ်းခံရ
Reviewed by THITHTOOLWIN
on
08:51
Rating:
