![]() |
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်။ Photo: Thant Wai Kyaw/ Facebook |
လူ ၂၈၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထားပေးထားပြီး ကလေးနဲ့ တမူး ဆက်သွယ်တဲ့ လမ်းကြောင်းတွေ ပြတ်တောက်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ဦးစီးမှူး ဦးစ၀ီလီဖရန့်က ပြောပါတယ်။
"အခုလောလောဆယ် ကလေးဘက်မှာ လူဦးရေ ၂၈၀၀ ကျော်ရွှေ့ပြောင်းထားရတယ်။ ကျေးလက်တံတား ၃ စင်း၊ ကြိုးတံတား တစ်စင်းပါသွားတယ်။ အဝေးပြေး လမ်းမကြီးက ကနန် တံတား တံတားတော့ မပါဘူး ချဉ်းကပ်လမ်း ပေ ၁၀၀ ၂၀၀ လောက်ပါသွားတယ် တမူးဘက်သွားတဲ့လမ်းပေါ့ အခုလောလောဆယ် သွားလာရေး ဆက်သွယ်မှု ပြတ်တောက် နေတဲ့အနေအထားတော့ရှိတယ်"
လက်ရှိ ကလေးမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာ ၁၀ ခုကျော်ထဲကို ရေတွေဝင်ရောက်နေတာကြောင့် ကယ်ဆယ်ရေး စခန်း ၁၂ ခုဖွင့်လှစ်ထားရှိပြီး အစိုးရတာဝန်ရှိ သူတွေနဲ့ လူကယ်ပြန် အဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ပေးနေ ပါတယ်။
မြစ်ရေမြင့်တက်မှုအခြေအနေဟာ ဧရာဝတီမြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ ဖြစ်ပေါ်နေပြီး စစ်ကိုင်းတိုင်း အတွင်း မြစ်သာမြစ်ရေမြင့်တက်နေတာ ၆ ပေ ကျော်ရှိနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ပြောပါတယ်။
နောက် ၂ ရက်လောက်မှာ ချင်းတွင်းမြစ်ရေမြင့်တက်လာနိုင်ပြီး ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ ရေ ကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"လက်ရှိအဲ့ဒီရေတွေက မြစ်သာမြစ်ကနေ ချင်းတွင်းမြစ်ထဲဝင်တယ် ချင်းတွင်းမြစ်ဆိုတော့ ကလေးဝ ကို နောက် ၂ ရက်အတွင်း စိုးရိမ်ရေ မှတ်ရောက်ရှိနိုင်တယ် နောက်မင်းကင်းမြို့ကိုလည်း နောက်တစ်ရက် အတွင်းရောက်ရှိနိုင်တယ်။ မုံရွာမြို့ကိုတော့ နောက် ၂ ရက်ကျော် ၃ ရက်မှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိ နိုင် ပါတယ်။"
ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် ကလေးမြို့နယ်မှာ ရေကြီးနေ
Reviewed by THITHTOOLWIN
on
16:40
Rating:
