မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၂၈

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ၁၁၃၅ အချိန် မူးယစ်တပ်ဖွဲ့စု (၄၁) ရန်ကုန် (အရှေ့) မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားပါသည်။

 မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သီရိမွန်ပလာဇာဝန်း၊ လုံးချင်းအိမ်ယာ၊ သီရိမွန် ၁၀လမ်း၊ Galaxy Star Motel ရှေ့လမ်းတွင် စိုင်းပြည့်ကျော် မောင်းနှင်ပြီး သန်းအောင် လိုက်ပါလာသည့် မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်၏ အလယ်ခန်းရှိလက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂,၀၀၀ ပြား နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 သန်းအောင်(၅၆)နှစ်နှင့် စိုင်းပြည့်ကျော် (၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

သစ်ထူးလွင်

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar
မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ  မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် သိန်း ၄၆၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.