မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောင်းအတွင်းသို့ ပြုတ်ကျမှုဖြစ်၊ ယာဉ်နောက်လိုက် ပျောက်ဆုံးနေ

မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပဲခူးကားလမ်းပေါ်၌ မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောင်းအတွင်းသို့ ပြုတ်ကျမှုဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၂၀

စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၀၁၀၀ အချိန်ခန့်တွင် ရန်ကုန်-ပဲခူးလမ်း အတိုင်း CP ကြက်စာအိတ် ၂၀၀ ခန့် သယ်ဆောင်လာသော ယာဉ်မောင်း ဦးစိုးဇေယျာ၊(၄၈)နှစ်၊မောင်းနှင်လာပြီး ယာဉ်နောက်လိုက် မောင်အောင်ဇော် လိုက်ပါလာသည့် ယာဉ်အမှတ် 3H/------ DYNA အဖြူရောင် ၆ ဘီးယာဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ကလိုထော် တံတားအနီးအရောက် မျက်နှာချင်းမောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်လိုက်စဉ် အရှိန်လွန်ကာ ဘာလားချောင်းအတွင်း ပြုတ်ကျသွားခဲ့ပါသည်။

ယင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရှိရသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ထောက်ကြန့် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲစုတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူဦးစိုးဇေယျာအား ချောင်းအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူ မောင်အောင်ဇော်မှာ ပျောက်ဆုံးနေသဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောင်းအတွင်းသို့ ပြုတ်ကျမှုဖြစ်၊ ယာဉ်နောက်လိုက် ပျောက်ဆုံးနေ  မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောင်းအတွင်းသို့ ပြုတ်ကျမှုဖြစ်၊ ယာဉ်နောက်လိုက် ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.