ဒုက္ခသည် ကိစ္စ ဘင်္ဂလားအစိုးရကူဖို့ စစ်တပ်ခေါ်

မိသားစုနဲ့ ကွဲပြီး ရောက်နေတဲ့ ကလေး တသောင်းခွဲလောက် ရှိ
ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်က ဝင်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးမှာ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကူညီဖို့ စစ်တပ်တွေ ခေါ်ထားပါတယ်။

ဒုက္ခသည် အရေအတွက် လေးသိန်း သုံးသောင်း လောက် တလအတွင်း နယ်စပ်ဖြတ်ပြီး ဝင်လာကြတာ ဖြစ်ပါတယ်။

ဒီမှာ မိသားစုနဲ့ ကွဲပြီး ရောက်နေတဲ့ ကလေး တသောင်းခွဲလောက် ရှိပြီး ၃ နှစ်သားထိ ပါတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရောက်လာသူ အများစုဟာ ချုံးချုံးကျပြီး ထိခိုက် ခံစားလာရသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုးဆက်တိုက် ရွာနေတဲ့ အတွက် လူစုပြုံနေတဲ့ ဒုက္ခသည် စခန်းတွေမှာ ရောဂါတွေ ဖြစ်မှာ စိုးရိမ်ရတယ်လို့ ကူညီရေး အဖွဲ့တွေက ဆိုပါတယ်။

 မြေမြှုပ်မိုင်းထိလို့ ဆေးကုသနေရတဲ့ ဒုက္ခသည် ကလေးငယ်
မြေမြှုပ်မိုင်းတွေ ချ

နောက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်မှာ မြန်မာ အစိုးရ တပ်တွေက မြေမြှုပ်မိုင်းတွေ ချထားတာကလည်း ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေ အတွက် အဓိက အန္တရာယ် ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောပါတယ်။

ဒီသီတင်းပတ်တွေ အတွင်း ဒီမြေမြှုပ်မိုင်းတွေ ချထားခဲ့တယ် ဆိုတဲ့ သက်သေ အများအပြား ရရှိထားတယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက်က အရင်ကတည်းက ဒီကိစ္စကို ကန့်ကွက်ခဲ့ပါတယ်။

မြန်မာ ဘက်ကတော့ ဒီမိုင်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေ ချထားတာ ဖြစ်မယ် လို့ပဲ စွပ်စွဲချက်တွေကို ကန့်ကွက် ပယ်ချ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ