အမ်းမှာ ဆူပူအောင်လုပ်ပေးဖို့ ငွေငါးသိန်းနဲ့ စည်းရုံးတာတွေရှိနေလို့ မကွေးတိုင်းဝန်ကြီးချုပ်ပြော


ရခိုင်ပြည်နယ် အမ်းမြို့မှာ ဆူပူအုံကြွအောင်လုပ်ပေးဖို့ ရေမီးအစုံနဲ့ ငွေငါးသိန်းပေးမယ်လို့ လာစည်းရုံးနေတာတွေ မကွေးတိုင်းဒေသကြီးထဲမှာ ရှိနေတယ်လို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ(၂၆)ရက် ညနေပိုင်းမှာ သတင်းထောက်တွေကို သူ့ရဲ့ရုံးခန်းမှာ ခေါ်ယူပြောကြားလိုက်တာပါ။

 ဒီသတင်းကို အတိအကျရထားတာဖြစ်ပြီး စည်းရုံးသူကို ဖမ်းဆီးရမိရေး ညွှန်ကြားထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီကိစ္စအောင်မြင်ရင် စည်းရုံးသူအနေနဲ့ ဘယ်လောက် အကျိုးအမြတ်ရမလဲလို့ ပြန်မေးရာမှာ စည်းရုံးတဲ့သူက အခုလို လုပ်ဆောင်တာဟာ နိုင်ငံရေး ခံယူချက်ကြောင့်မဟုတ်ဘဲ ငွေရလို့ လုပ်ဆာင်ခြင်းဖြစ်ကြောင်းနဲ့ ကိစ္စအောင်မြင်ရင် သိန်းထောင်ချီရမယ်လို့ ပြောဆိုကြောင်း သိရတယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
အမ်းမှာ ဆူပူအောင်လုပ်ပေးဖို့ ငွေငါးသိန်းနဲ့ စည်းရုံးတာတွေရှိနေလို့ မကွေးတိုင်းဝန်ကြီးချုပ်ပြော အမ်းမှာ ဆူပူအောင်လုပ်ပေးဖို့ ငွေငါးသိန်းနဲ့ စည်းရုံးတာတွေရှိနေလို့ မကွေးတိုင်းဝန်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 15:37 Rating: 5
Powered by Blogger.