ညစ်ညမ်းစွာဆဲဆိုပြီး လက်သီးဖြင့်ထိုးသူအား ဝါးတုတ်ဖြင့် ပြန်လည်ရိုက်နှက်၍ သေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၂၈

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ရွာနေ မဇင်မာဝေ(၂၃)နှစ်သည် ၎င်းပိုင်သည့်တဲအတွင်း၌ နရိုင်ပူ ကျေးရွာနေ မိုးကျော်(၃၅)နှစ်သည် အရက်မူးပြီးထိုင်နေသဖြင့် ထွက်သွားရန်ပြောဆိုခဲ့ကြောင်း သိရပါသည်။

 မိုးကျော်မှ ညစ်ညမ်းစွာဆဲဆိုပြီး လက်သီးဖြင့်ထိုးသောကြောင့် မဇင်မာဝေက အနီးရှိ ဝါးတုတ်ဖြင့် ရိုက်နှက်၍ မိုးကျော်တွင် ဒဏ်ရာများရရှိသေဆုံးသွားပါသည်။

အဆိုပါအမှုအား အရေးယူပေးရန်တိုင်တန်းချက်အရ မဇင်မာဝေ အား ဇေယျဝတီနယ်မြေရဲစခန်း(ပ)၂၀၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/
ညစ်ညမ်းစွာဆဲဆိုပြီး လက်သီးဖြင့်ထိုးသူအား ဝါးတုတ်ဖြင့် ပြန်လည်ရိုက်နှက်၍ သေဆုံး ညစ်ညမ်းစွာဆဲဆိုပြီး လက်သီးဖြင့်ထိုးသူအား ဝါးတုတ်ဖြင့် ပြန်လည်ရိုက်နှက်၍ သေဆုံး Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.